APM ၊ မာ့ချ် ၁၆ / ၂၀၂၄
မြေပုံမြို့နယ်မာ ဒေနိမာ့ချ် ၁၆ ရက်နိ၊ နိခင်းပိုင်းအချိန် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနန့် ပစ်ခတ်မှုကြောင့် သားမိသားဖ ၃ ယောက် ဂွင်ချင်း သီဆုံးလားခပြီးကေ၊ ၂ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားရေ သားမိသားဖ ၃ ယောက်စွာ မြေပုံမြို့နယ်၊ ပြည်ခြားရွာက အဖဖြစ်သူ ဦးကျော်ဝင်းကြီး (၅၀ နှစ်)၊ သားဖြစ်သူ ကိုမောင်ရဲလင်း (၃၀ နှစ်)နန့် သမီးဖြစ်သူ မမေနီဝင်း (၂၃ နှစ်)ရို့ဖြစ်ပြီးကေ ဒဏ်ရာရလားခရေလူကတော့ သီဆုံးခရေ ဦးကျော်ဝင်းကြီး၏ သမီးချေ မစောနှင်းဖြူ (၁၅ နှစ်)နန့် မြေပုံမြို့နယ်၊ စညှင်းရွာက ဦးဇော်ဝင်း(၂၇ နှစ်)ရို့ဖြစ်ပါရေ။
ဒေနိ နိခင်း ၁၂ နာရီခွဲလောက်မာ စညှင်းရွာအနားဟိ အကြမ်းဖက် စစ်ကောင်စီတပ်ခန်းက အပါးဟပ်စပ်ရပ်ရွာတိကို လက်နက်ကြီးတိနန့် ယမ်းကား ပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ မြေပုံမြို့နယ်၊ တောင်စိုင်ကမ်းတိုက်နယ်၊ ဝဘော်ကြီး ရွာသစ်ရွာ ဘုန်းကြီးကျောင်း အရှိဖက်ဟိ ဦးကျောင်ဝင်းကြီး၏ လယ်တဲကို ကျရောက်ပေါက်ကွဲခရေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လယ်တဲမာဟိရေ ဦးကျော်ဝင်းကြီး၊ ကိုမောင်ရဲလင်းနန့် မမေနီဝင်း ရို့မာ နီရာမာပင် ဂွင်ချင်း သီဆုံးလားပြီးကေ မစောနှင်းဖြူမာလည်း ဒူးနှစ်ဖက်စလုံးမာ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားရေလို့ ဆိုပါရေ။
တချိန်တည်းမာပင် စညှင်းရွာအနား၊ လယ်ချောင်းလယ်ပြင်သို့လည်း ယင်းစစ်ကောင်စီစခန်းက ပစ်လိုက်တေ လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခလို့ ယင်းအနားမာဟိရေ ဦးဇော်ဝင်း၏ ဘယ်ဖက်ပေါင် လက်နက်ကြီးကျည်စကျပနာ ပြင်းပြင်းထန်ထန် ဒဏ်ရာလားပါသိမ့်ရေ။
လက်ဟိမာ ဒဏ်ရာရလားရေ မစောနှင်းဖြူနန့် ဦးဇော်ဝင်းရို့ကို နီးစပ်ရာ ဆီးရုံသို့ အရေးပေါ်ပို့ဆောင်ပနာ ဆီးကုသမှု ခံယူနီရကြောင်း သိဟိပါရေ။