APM ၊ မာ့ချ် ၁၆/၂၀၂၄
အကြမ်းဖက်စစ်ကောင်စီတပ်စွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့နန့်ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရက္ခိုင်ပြည်တောင်ဖက်ဒေသနန့် မူဆလင်အသိုင်းအဝိုင်းမာ ပြည်သူ့စစ်နန့် စစ်မှုထမ်းတိကို အင်တိုက်အားတိုက်စုဆောင်းပနာ ဖုတ်ပူမီးတိုက် စစ်သင်တန်းတိ တက်ခိုင်းနီကြောင်း ဒေသခံအာရက္ခပြည်သူရို့က ပြောပါရေ။
ရက္ခိုင်ပြည်တဝန်း တပ်ရင်း၊ တပ်မ ဌာနချုပ်တိ၊ တပ်စခန်းတိအမြောက်အမြားနန့် မြို့တိတခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်ဖို့အတွက် ရက္ခိုင်ပြည်တောင်ဖက်ဒေသဟိ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်ရို့မာ ပြည်သူ့စစ် နန့် စစ်မှုထမ်းအတွက် ခြိမ်းခြောက်စုဆောင်းပနာ စစ်သင်တန်းတိပီးနီရေပိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောက မူဆလင်တိကိုလည်း နည်းမျိုးစုံနန့် စည်းရုံး သင်တန်းပီးလို့ ဟိပါရေ။
မာန်အောင်မြို့နယ်မာ မာ့ချ် ၁၅ ရက်နိက အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရီးမှူး မင်းသူဟိန်းက ရပ်ကျေးအုပ်ချုပ်ရီးမှူးတိကို ခေါ်ယူပနာ စစ်ကောင်စီတပ်မာ စစ်မှုထမ်းဖို့အတွက် တရွာကို အသက်၂၄ နှစ်မှ ၃၀ ကြားအရွယ် လူငယ်တယောက်စီပီးရဖို့လို့ တောင်ခံထားပြီးကေ ဒေနိမာ့ချ် ၁၆ ရက်နိ၊ နိခင်း ၁၂ နာရီအချိန်မာ စစ်မှုထမ်းဖို့လူစာရင်းကို အပြီးသတ်တင်ပီးရဖို့လို့ လမ်းညွှန်ထားပါ ရေ။
အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရီးမှူး မင်းသူဟိန်းလမ်းညွှန်ချက်ကို စစ်ကောင်စီအလိုတော်ရိ စစ်အာဏာသျှင်လက်ကိုင်တုတ်၊ ရက္ခိုင်အမျိုးသားသစ္စာဖောက် ရပ်ကျေးအုပ်ချုပ်ရီးမှူးတိက မြီဝယ်မကျ နားထောင်ပြီးကေ ရက္ခိုင့်တပ်တော်ကို တိုက်ဖို့အတွက် စစ်မှုထမ်းစာရင်းတိကို မင်းသူဟိန်းဘားသို့ လားရောက် ပီးပို့ခရေလို့ သိရပါရေ။
ယင်းနည်းတူ ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်မာလည်း မာ့ချ် ၇ ရက်နိ ၎င်းရို့ခန့်အပ် စစ်ကောင်စီအုပ်ချုပ်ရီးမှူးတိအားလုံးကို မြို့နယ်ထွေအုပ်ရုံးသို့ ခေါ်ယူပနာ ရက္ခိုင့်တပ်တော်ကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့ ရပ်ရွာအုပ်စုတစုကို လူ ၂၀ စီပီးရဖို့ ညွှန်ကြားခပါရေ။
အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ်ထွေအုပ်ညွှန်ကြားချက်ကို တသွေမတိမ်းလိုက်နာရေ သခင်အားရကျွန်ဘားဝ သစ္စာဖောက်လောက်ကောင် ရပ်ကျေးအုပ်ချုပ်ရီးမှူးတချို့က ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်ဖို့ ပြည်သူ့စစ်လောင်းလျာတိကို နည်းလမ်းပေါင်းစုံနန့် အပတ်တကုပ်ကြိုးပမ်းအားထုတ် စုဆောင်းပီးပို့ခကတ်ပါရေ။
အလားတူ သံတွဲမြို့နယ်မာလည်း ကျေးအုပ်ချုပ်ရီးမှူးတိက ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်ဖို့ စစ်ကောင်စီ၏ ပြည်သူ့စစ်တိအဖြစ် ရပ်ရွာအုပ်စုတစုကို လူ၂၀ စီပီးပို့ထားခပြီး ဒေဂုအခါ စစ်သင်တန်းတိတောင် အကြိမ်ကြိမ်ပို့ချပြီးဖြစ်ပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီတပ်စွာ ကုန်ခရေ ရက်ပိုင်းအတွင်းကလည်း ပြည်သူ့စစ်တက်ဖို့အတွက် ကျောက်ဖြူ၊ ဘူးသီးတောင်နန့် မောင်တောမြို့နယ်တိက အသက် ၁၈ နှစ်ကနီ ၃၅ နှစ်ကြား မူဆလင်လူငယ်တိကိုလည်း စစ်မှုထမ်းဖို့ ဆိုပါနာ အတင်းအဓမ္မ ဖမ်းယူလားခပါရေ။
မာ့ချ် ၁ ရက်နိမာလည်း အကြမ်းဖက်စစ်ကောင်စီတပ်စွာ ကျောက်ဖြူမြိူ့နယ်၊ ကျောက်တလုံးကယ်ဆယ်ရီးစခန်းက အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား မူဆလင်အမျိုးသား ၁၀၇ယောက်ကို ခြိမ်းခြောက်ခေါ်ယူပနာ ကျောက်ဖြူအခြီစိုက် ခမရ (၅၄၂) တပ်ရင်းမာ စစ်သင်တန်း တက်ခိုင်းခကြောင်း သိပါရေ။
အလားတူ ကုန်ခရေ ဖေဖော်ဝါရီ ၂၃ ရက်နိကလည်း ဘူးသီးတောင်မြို့နယ်၊ အိုးသည်မ(မူဆလင်)ရွာက မူဆလင် ၁၂ ယောက်၊မြောင်းနား(မူဆလင်)ရွာက မူဆလင်၂ ယောက်၊ အလယ်ချောင်း(မူဆလင်)ရွာက မူဆလင် ၃၀၊ ကကျဘက် (မူဆလင်)ရွာက မူဆလင် ၂၀၊ စုစုပေါင်း မူဆလင်လူငယ် ၆၄ ယောက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က အတင်းအဓမ္မဖမ်းဆီးပြီးကေ စစ်သင်တန်းတက်ဖို့အတွက် ဘူးသီးတောင်ဗျူဟာသို့ ဖမ်းခေါ်ယူလားရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းနောက်ပိုင်း စစ်တွေဟိ အကြမ်းဖက်စစ်ကောင်စီ၏ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ၊ လျှပ်စစ်နန့် စစ်မှုအင်ဂျင်နီယာတပ်ထဲမာ မူဆလင် ၅၀၀ ကျော်ကို စစ်သင်တန်းပီးရေလို့ သတင်းတိထွက်ပေါ် ခရေပိုင်၊ယင်းသင်တန်းတက်နီရေ မူဆလင်တိကို စစ်ကောင်စီ၏ လုံခြုံရီးနန့်နယ်စပ်ရီးရာ ဝန်ကြီးကျော်သူရ ကိုယ်တိုင်လာကြည့်ရေ ရုပ်သံဖိုင်တခု အွင်းလိုင်းထက်မာ ပြန်နှံ့ခပါသိမ့်ရေ။
မာ့ချ် ၉ ရက်နိမာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံတပ်ဆင်ပီးထားရေ မူဆလင် လူငယ်တိကို စစ်ကားကြီးတိနန့် စစ်မြီပြင်သို့ ပို့ဆောင်နီရေ ရုပ်သံဖိုင်တခု အွင်းလိုင်းထက်မာ ပြန်နှံ့လာခပါရေ။
သံတွဲဒေသခံတယောက်ကတော့ “ရက္ခိုင်ပြည်မာ တချို့မြို့နယ်တိမာ ပြည်သူ့စစ်ဂေါင်းစဉ်နန့် စုဆောင်းရေ။ တချို့မြို့နယ်တိမာ စစ်မှုထမ်းဂေါင်းစဉ်နန့်စုရေ။ ပြည်သူ့စစ်ဖြစ်ဖြစ်၊ စစ်မှုထမ်းဖြစ်ဖြစ် ရက္ခိုင်ပြည်မာ ဇာသူ့ကိုတိုက်ဖို့ လူစုနီလေး။ အဖြေက ယှင်းနီပါရေ။ ရက္ခိုင့်တပ်တော်ကိုတိုက်ဖို့အတွက် လုပ်နီစွာ။ သံတွဲက ပြည်သူ့စစ်က ရက္ခိုင့်တပ်တော် သံတွဲမာ တိုက်ပွဲပုံဖော်မှ စစ်ကောင်စီဖက်က ဝင်တိုက်ရဖို့စွာမဟုတ်။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမာ တိုက်ပွဲဟိကေ ယင်းသို့လားပနာ အေအေကိုတိုက်ကတ်ရဖို့။
ပြည်သူ့စစ်ဆိုစွာ ဗမာပြည်က ပျူစောထီးနန့်တတူတူရာ။ စစ်ကောင်စီက ပြည်သူ့စစ်ကို ဇာအတွက်ဖွဲ့လေး။ ရက္ခိုင့်တပ်တော်ကို တိုက်ဖို့ဖွဲ့စွာ။ ရက္ခိုင်၊ ရက္ခိုင်ချင်း အိုးမှိုင်းသုပ်ပနာ သတ်ခိုင်းစွာ။ ယေဇု တည့်တည့်ပြောရကေ စစ်ကောင်စီ၏ ပြည်သူ့စစ်စွာ ရက္ခိုင့်တပ်တော်၏ ရန်သူ၊ ရက္ခိုင်ရို့၏ ရန်သူ၊ ရက္ခိုင့်တော်လှန်ရီး၏ ရန်သူ ဖြစ်တေ။ ရက္ခိုင့်သစ္စာဖောက်လောက်ကောင်တိ၊ အမျိုးသားသစ္စာဖောက်တိ ဖြစ်တေ။
ရက္ခိုင့်တပ်တော်အနီနန့် စစ်ကောင်စီ၏ ပြည်သူ့စစ်တိကို တရက်မာ ယှင်းဖို့ကျလာပါလိမ့်မေ။ ပြည်သူ့စစ်တိကို ယှင်းရုံမက ပြည်သူ့စစ်ခေါ်ယူပီးနီရေ အုပ်ချုပ်ရီးမှူးတိကိုပါ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူလာနိုင်ပါရေ။ တခြားပြည်နယ်တိမာလည်း စစ်ကောင်စီဘားကို ပြည်သူ့စစ်/စစ်မှုထမ်းဖို့ လူပို့ရေ အုပ်ချုပ်ရီးမှူးတိကို တော်လှန်ရီးအင်အားစုတိက ကြောသားရင်သားမခွဲဘဲ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူလာနီစွာ ကြားလာရပါရေ။ ရက္ခိုင်ပြည်မာတော့ အေနိအထိ အရေးယူသံ မကြားရပါသိမ့်။ အေအတိုင်း မသိကွန်ဆောင်ပနာ ဆက်လုပ်နီကေတော့ မြီကြီးလက်ခက်မလွဲ အရေးယူလာနိုင်ပါရေ” လို့ သုံးသပ်ပြောဆိုလားခပါရေ။
Photo – Western News