
APM၊ မေ ၁၈/၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ကုန်ခရေ မေ ၁၆ ရက်နိ၊မိုးထပိုင်းက အပြစ်မဲ့ပြည်သူ ၁၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးလားခပါရေ။
ဖမ်းဆီးခံရလူတိစွာ ကျောက်ဖြူမြို့နယ် ၊ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်ရွာက ဒေါ်ယိုင်မေနု ၊ဒေါ်အောင်မဝေ၊ ဒေါ်မအေးလှအပါအဝင် ဒေသခံအမျိုးသမီး ၉ ယောက်နန့် အမျိုးသား ၂ ယောက်ရို့ဖြစ်ပါရေ။
မေ ၁၆ ရက်နိ၊မိုးထ ၈နာရီ ၅၀မိနစ်လောက်က ကျောက်ဖြူမြို့၊ ဂုံးချွိန်တိုက်နယ်၊နှမ်းဖဲတောင်ရွာ၊ ဘုရားကုန်းမာ စခန်းချထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ နှမ်းဖဲတောင်ရွာကို သီနတ်နန့် ခြောက်လှန့်ပစ်ခတ်ခပြီးကေ ရွာက ဒေသခံ အမျိုး သား၂ယောက်နန့်အမျိုးသမီး၉ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခရေလို့ ဆိုပါရေ။
ယင်းနောက် အကြမ်းဖက်စစ်ကောင်စီစွာဖမ်းဆီးခံရသူ ၁၁ ယောက်ထဲက အမျိုး သမီး ၅ ယောက်ကို မေ ၁၇ ရက်နိ၊နိခင်း ၁၂နာရီ ၅၀ မိနစ်မာပြန်လွှတ်ပီးခကေလေ့ ကျန် ဒေသခံ ၆ယောက်ကိုနှမ်းဖဲတောင်ရွာ၊ ဘုရားကျောင်းမာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားရေလို့ သိရပါရေ။
ယင်းနိ ညဇာ၅နာရီအချိန်လောက်မာ အကြမ်းဖက်စစ်ကောင်စီတပ်၏ အမှတ် (၃၂ )တပ်ရင်းက ပွိုင့်ကားတစီးနန့် တပ်ဖွဲ့ဝင်အင်အား၅ယောက်စွာ နှမ်းဖဲတောင်ရွာသို့ ထပ်မံရောက်ဟိလာပြီးကေ ဖမ်းဆီးခံရသူ၆ယောက်ထဲက အမျိုးသမီး ၃ယောက်ကို ကျောက်ဖြူမြို့၊ အမှတ်(၃၂) တပ်ရင်း ရဲစခန်းသို့ ယူဆောင်လားကြောင်းလည်း သိဟိရပါရေ။
