
APM ၊ ဂျုန် ၈ / ၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်စာသင်ကျောင်းအများအပြားပျက်စီးခရသည့် ရက္ခိုင်ပြည်တွင် ကျောင်းစစ်ကောင်စီက ကျောင်းများပြန်ဖွင့်ထားကေလေ့ ကျောင်းဆောင်များမှာ ပြိုပျက်နီသဖြင့် အချေများမှာ ထီးဆောင်း၍ စာသင်နီကတ်ရသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်တဝန်း စာသင်ကျောင်းပေါင်း ၉၇၁ ကျောင်းပျက်စီးခရပြီး ယင်းစာသင်ကျောင်းများကို ပြန်လည်ပြုပျင်ခြင်းမဟိသိမ့်ဘဲ စစ်ကောင်စီကဂျုန် ၁ ရက်နိကျောင်းပြန်ဖွင့်ထားခြင်းဖြစ် သည်။
ကျောင်းပြန်ဖွင့်ထားကေလေ့ မုန်တိုင်းဒဏ်သင့် မြို့နယ်များဟိ အခြီခံပညာကျောင်းအများစုမှာ ခေါင်မိုးပွင့်ပြီးနံရံများ ပြိုလဲနီမှုကြောင်း ဆရာ/မများနန့် ကျောင်းသား/သူများ မှာ မိုးကြား၊ လီကြား၊ နီပူကြား၌ ထီးဆောင်း၍ စာသင်နီကတ်ရခြင်းဖြစ်သည်။
ယင်းသို့ နီပူ၊ မိုးရွာကြားမှာ ခက်ခဲကြမ်းတမ်းစွာ စာသင်နီ ကတ်ရသည့်အချေများမှာ အချိန်ကြာလာသည်နန့် အမျှ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရီးထိခိုက်လာမည်ကို မိဖများက အထူး စိုးရိမ်နီကတ်သည်။
ရက္ခိုင်ပြည်တွင်ဒေဂုပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၃သိန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ပညာရီးဌာနမှ ထုတ်ပြန်ထားသည်။