
APM ၊ မေ ၂၅ / ၂၀၂၃
ကျောက်ဖြူမြို့နယ်ဟိ လူမှုအဖွဲ့အစည်းများပူးပေါင်းလျက် မုန်တိုင်းဒဏ်သင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရီး အလှူခံဌာနဖွင့် မည့်ကိစ္စကို မြို့နယ်စစ်ကောင်စီက “ခွင့်မပြု” ကြောင်း ကူညီလုပ်ကိုင်နီသူများ ပြောကြားချက်အရ သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်မြို့နယ် အများစုတွင် အဆောက်အအုံပျက်စီးမှု များပြားခပြီး ပြည်သူအမြောက်အမြား အိုးမဲ့၊ အိမ်မဲ့ဖြစ်ခရသည်။
မုန်တိုင်းဒဏ်သင့်နီရာများတွင် လိုအပ်သည်များကို ကူညီနိုင်ရီး ကျောက်ဖြူမြို့နယ်ဟိ လူမှုကူညီရီး အဖွဲ့အစည်းများ ပူးပေါင်းပြီး မြို့ပေါ်တွင် အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေကောက်ခံရန် စီစဉ်ရာ မြို့နယ် စစ်ကောင်စီက ခွင့်မပြု၍ အခက်အခဲဖြစ်နီကတ်ရကြောင်း ကူညီလုပ်ကိုင်နီသူများက ပြောသည်။
“ကျနော်ရို့က မေ ၂၂ ရက်နိမှာ ခွင့်ပြုချက်လားတောင်းစွာပါ။ မြို့နယ်အနှံ့ အလှူခံလားပနာ မုန်တိုင်းဒဏ်သင့် ပြည်သူတိကို အချိန်နန့်တဗြီးညီ ထောက်ပံ့နိုင်ဖို့ဆိုပြီးကေ။ မြို့နယ်ထွေ/အုပ်ကို တင်ပြပါရေ။ သူရို့ပြောစွာက တော့ ဒေမြို့နယ်မှာလေ့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတိဟိရေပိုင် အရေးပေါ်ကူညီရဖို့စွာတိလေ့ဟိရေ။ ယင်းကြောင့် တခြားဒေသတိအတွက် အလှူခံဖို့ကိစ္စကို ခွင့်မနိုင်လို ဆိုပါရေ” ဟု ကူညီလုပ်ကိုင်နီသူများက ပြောသည်။
ယင်းသို့ အလှူခံဌာနဖွင့်ရန် ကျောက်ဖြူမြို့နယ်ဟိ လူမှုအဖွဲ့အစည်း ၃၀ ကျော်နန့် ရဟန်းသံဃာတော် များအပါအဝင် လူမှုရီးလုပ်ငန်းများဆောင်ရွက်နီသူ လူဦးရေ ၇၀ လောက်က မေ ၂၁ ရက်နိ အစည်းအဝေးပြုလုပ်ကာ သဘောတူဆုံးဖြတ်ခ ကတ်သည်ဟုဆိုသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်နန့် ပေါက်တော မြို့နယ်ရို့တွင် အဆောက်အအုံပျက်စီးမှုများပြားခရပြီး ကျောက်ဖြူ၊ သံတွဲ၊ ဂွနန့် မာန်အောင် မြို့နယ်ရို့တွင် ပျက်စီးမှုစကေဟိခသည်။
လက်ဟိ၌ မုန်တိုင်းဒဏ်သင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်သုံးရီနန့် ဆီးဝါးများအပါ အဝင် ပြန်လည်နီရာချထားရီးအတွက် ထောက်ပံ့ကူညီမှုများကို အပူတပြင်း လိုအပ်လျက်ဟိကြောင်း သိဟိရပါ သည်။


