APM၊ ဩဂတ်စ် ၂၄ / ၂၀၂၃
မြန်မာစစ်တပ်အတွက် လီယာဉ်ဆီများအား ထောက်ပံ့ပီးနီသည့် စင်ကာပူ အခြီစိုက် ကုမ္ပဏီ ၃ ခု နန့် လူပုဂ္ဂိုလ် ၂ ယောက်ကို ထပ်မံပိတ်ဆိုဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရီးဝန်ကြီးဌာနက ဩဂတ်စ် ၂၃ ရက်နိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်သည် တိုက်လီယာဉ်များကို အသုံးပြုပြီး အရပ်သား ပြည်သူများကို လီကြောင်းကနီ တိုက်ခိုက်နီသည့်အတွက် သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင် လက်မှတ်ရွီးထိုးကာ အရေးယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒဏ်ခတ်အရေးယူခံရသည့် ကုမ္ပဏီ ၃ ခုမှာ စင်ကာပူ အခြေစိုက် Shoon Energy PTE. လီမိတက်၊ P.E.I Energy PTE. လီမိတက် နန့် PEIA PTE လီမိတက်ရို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ၃ ခုကို မြန်မာပြည်မှ စီးပွားရီးလုပ်ငန်းသျှင်များပိုင်ဆိုင်ထားခြင်းဖြစ်သည်။
အလားတူ အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူခြင်းခံရသည့် လူပုဂ္ဂိုလ်နှစ်ယောက်မှာ မြန်မာစစ်တပ်အတွက် လီယာဉ်ဆီများ အဓိက ရယူဖြန့်ဖြူးရာတွင် ပါဝင်သည့် မြန်မာပြည်သား ဒေါ်ခင်ဖြူဝင်း နန့် ဦးဇော်မင်းထွန်းရို့ဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် အယင်ကလေ့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရာတွင် အခရာကျသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာပြည်ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနန့် ကူးသန်းရောင်း၀ယ်ရီးဘဏ် (MICB)၊ မြန်မာ့ရီနံနန့် သဘာဝဓာတ်ငွိလုပ်ငန်းနန့် လူပုဂ္ဂိုလ်တချို့ကို ဒဏ်ခတ်ပိတ်ဆိုမှုများ ပြုလုပ်ထားသည်။
Source – US Announces Sanctions Targeting Myanmar Militarys Access to Jet Fuel
Photo – AP