APM၊ ဩဂတ်စ် ၂၄ / ၂၀၂၃
ရုသျှနိုင်ငံတွင် ကိုယ်ပိုင်လီယာဉ်တစ်စင်း ပျက်ကျခရာ၌ ကြေးစား ဝက်ဂ်နာအဖွဲ့ ဂေါင်းဆောင်အပါအဝင် လူ ၁၀ ယောက်သီဆုံးလားကြောင်း အာဏာပိုင်များမှ သြဂတ်စ် ၂၃ ရက်နိတွင် ထုတ်ပြန်သည်။
အဆိုပါ လီယာဉ်သည် မော်စကိုမြို့မှ စိန့်ပီတာစဘတ်သို့ ပျံသန်းနီစဉ် မော်စကိုမြို့နန့် ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) အကွာ တီဗားဒေသတွင် သြဂတ်စ် ၂၃ ရက်နိ၊ ညပိုင်းက ပျက်ကျခခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ Tass မှ ဖော်ပြထားသည်။
လီယာဉ်ပျက်ကျမှုအတွင်း ကြေးစားတပ် ဝက်ဂ်နာအဖွဲ့ဂေါင်းဆောင်
ပရီဂိုဇင်အပါအဝင် ခရီးသည် ၇ ယောက် နန့် လီယာဉ်အမှုထမ်း ၃ ယောက်သီဆုံးလားခြင်းဖြစ်သည်။
လက်ဟိအချိန်အထိ အဆိုပါ လီယာဉ်ပျက်ကျမှုကြောင့် သီဆုံးလူ ၁၀ ယောက်အထဲမှ ၈ ယောက်၏ ရုပ်အလောင်းများအား ရှာဖွီတွိဟိထားပြီး လီယာဉ်ပျက်ကျမှုနန့် ပတ်သက်၍ စုံစမ်းစစ်ဆီးမှုများပြုလုပ်နီကြောင်း အာဏာပိုင်များမှ ဆိုသည်။
လီယာဉ်ပျက်ကျမှုတွင် သီဆုံးလားသည့် ကြေးစားတပ်မှ ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်သည် ကိုယ်ပိုင်အရံစစ်တပ်တခုကို တည်ဆောက်ထားလူတယောက်ဖြစ်သည်။
ယင်းအပြင် ပရီဂိုဇင်သည် ရုသျှ – ယူကရိန်းအရေးတွင်လေ့ ရုသျှဖက်မှ စွမ်းဆောင်ပီးခလူဖြစ်ပြီး မကြာခင်က သမ္မတ ဗလာဒီမာပူတင်၏ ရုသျှ စစ်တပ်ကို ပုန်ကန်မှုများ ပြုလုပ်ခသိမ့်သည်။
Source – ‘Ten killed’ in private jet crash in Russia with Wagner boss on board
Photo – Reuters