
APM ၊ ဂျုန် ၅ / ၂၀၂၄
မေ ၂၉ ရက်ကနီ မေ ၃၁ ရက်အတွင်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အပြစ်မဲ့ပြည်သူများ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုနန့်ပတ်သတ်လို့ တရားမျှတမှုရဟိစီဖို့ ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပီးပါဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတိ၊ အိမ်နီးချင်းနိုင်ငံတိနန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို ကမ္ဘာလုံးဆိုင်ရာအာရက္ခအမျိုးသားကွန်ယက်( WUAN)က ဂျုန် ၄ ရက်နိမာ ထုတ်ပြန်တောင်း ဆိုလိုက်ပါရေ။
ထုတ်ပြန်ချက်မာ ” စစ်ကောင်စီသည် မြန်မာနိုင်ငံတဝန်းလုံး၌ အပြစ်မဲ့အရပ်သား ပြည်သူများကို စစ်ရာဇဝတ်မှုများကျူးလွန်ကာ ဦးတည်သတ်ဖြတ်တိုက်ခိုက်လျက်ဟိသည်။ ရက္ခိုင်ပြည်အနှံ့ မြို့များ တမြို့ပြီးတမြို့ လက်လွတ်ဆုံးယှုံးလျက်ဟိသော ဖက်ဆစ်စစ်ကောင်စီသည် ၎င်းရို့အယှုံးများကို လက်မခံနိုင်ပဲ ကြမ်းတမ်း ယုတ်မာစွာဖြင့် အရပ်သားပြည်သူလူထုများကို လက်နက်ကြီးများ၊လီယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြို့ရွာများကို မီးတိုက်ဖျက်ဆီးခြင်း၊ လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခများဖြစ်အောင် အပြင်းအထန် ကြိုးစားဖန်တီးခြင်းနန့် လူမျိုးရီးအမုန်းတရားဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို မိုက်ရှူးရဲဆန်စွာ ကျူးလွန် လျက်ဟိသည်”လို့ဆိုပါရေ။
၂၀၂၄ ခုနှစ် မေ ၂၉ ရက်နိ၊ နိခင်း ၁၂ နာရီအချိန်မာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ၎င်းရို့၏လက်ကိုင်တုတ်တပ်ဖွဲ့တချို့ စုပေါင်းအင်အား ၁၇၀ ကျော်စွာ စစ်တွေမြို့အနား ဗျိုင်းဖြူရွာသို့ ကားတိနန့် ဝင်ရောက်လာပနာ သီနတ်နန့် ယမ်းသန်း ပစ်ခတ်ခြိမ်းခြောက်ခပြီးကေ အချေသူငယ်တိ၊ အမျိုးသမီးတိနန့်သက်ကြီးရွယ်အိုတိအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၂၀၀ ကျော်ရို့ကိုလည်း အစာရီစာလုံးဝမပီးပဲ နီလှန်းထားခကြောင်း၊ ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ နီအိမ်တိကို ဖျက်ဆီးဝင်ရောက်ပနာ ရွှီ၊ ငွေ၊ ဖုန်းနန့် တန်ဖိုးကြီးပစ္စည်းတိကို လက်နက်အားကိုးနန့် ဖောက်ထွင်း ယူဆောင်လားကတ်ပြီး အင်္ကျီတိနန့် မျက်လုံးကို စည်းနှောင်ခြင်း၊ ဓားတိနန့်ထိုးပနာ နှိပ်စက်ခြင်းရို့အပြင် အပြစ်မဲ့ပြည်သူ ၄ ယောက်ကိုလည်း ယင်းနိမာပင် သီနတ် ပစ်ခတ်သတ်ဖြတ်ခြင်းတိကို လူမဆန် စွာကျူးလွန်ခကတ်တေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းနည်းတူ “၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နိမာ ဖမ်းဆီးခံရသူများထဲက အပြစ်မဲ့ပြည်သူ ၁၀ ဦးမာ ထပ်မံ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အငြိုးအတေးကြီးစွာ လူမျိုးရီးအမုန်း တရားဖြင့်သတ်ဖြတ်ခြင်း ကိုခံခရသည်။ အလားတူ ယင်းနိတရက်လုံးမာလည်း ဖမ်းဆီးခံအပြစ်မဲ့ပြည်သူများကို စစ်ကောင်စီတပ် ဖွဲ့ဝင်များက အစာရီစာအငတ်ခံထားခြင်း၊ နီလှန်းထားခြင်းများနန့် လူသားမဆန်သောညှင်းပန်းနှိပ်စက်မှုများကို ကျူးလွန် ခကတ်သည်”လို့ဆိုပါရေ။
အလားတူ” ၂၀၂၄ ခုနှစ် မေလ ၃၁ ရက် မိုးထ ၄ နာရီအချိန်ထိ နောက်ထပ် အပြစ်မဲ့ပြည်သူ ၂၇ ဦးရို့ကို ညည့်လုံးပေါက်နှိပ်စက်သတ်ဖြတ်ခပြီး ကျန်ဟိသူများကို စစ်တွေမြို့ဟိ ခလရ (၂၀) တပ်ရင်းထဲသို့ကားဖြင့် ဖမ်းဆီးခေါ် ဆောင်လားခသည်။ ယင်းအပြင်ဖမ်းဆီးခြင်းခံရသူများထဲက အမျိုးသမီး ၃ ဦးမာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခြင်းကို ခံခကတ်ရသည်။ ယင်းအတူ ယင်းဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၇၆ ဦးကျော်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ၏ လူသတ်အလောင်း ဖျောက်ခြင်းကိုခံခကတ်ရ သည်။ ယင်းနောက် နိခင်း ၁၁ နာရီကျော်ခန့်မာ ဖမ်းဆီးခံထားရရေ အချေသူများနန့် အမျိုးသမီးများ စုစုပေါင်း ၁၅၀၀ ကျော်သည်လည်း လူသားဒိုင်းကာအဖြစ် စစ်တွေမြို့တွင်းသို့ ခေါ်ယူပိတ် လှောင်ထားခြင်းခံနီ ရပါသည်” လို့ ဖော်ပြထားပါရေ။
၂၀၂၄ ခုနှစ်၊ ဂျုန် ၁ ရက်နိ ညဇာ ၅ နာရီကစလို့ ဗျိုင်းဖြူရွာအနား မင်းဂင်းတောရွာကို စစ်ကောင်စီတပ်ဖွဲ့တိ စတင်မီးတိုက်ခပြီးကေ
ရွာအတွင်းက အပြစ်မဲ့ပြည်သူတိမာ နီးစပ်ရာသို့ လက်ဗလာနန့် အသက်လုထွက်ဗြီးတိမ်းယှောင်နီကတ်ရရေပိုင်၊ ဗျိုင်းဖြူရွာထဲမာလည်း ပိတ်မိနီရေ သက်ကြီးရွယ်အိုတိနန့် အပြစ်မဲ့ပြည်သူတချို့၏ အသက်အန္တရာယ်မာ လွန်စွာစိုးရိမ်ရရေ အနီအထားမာဟိရေလို့လည်းထုတ်ပြန်ချက်အရ သိရပါရေ။
ဒေဂုပိုင် ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုစွာ အကြမ်းဖက် စစ်ကောင်စီက လူမျိုးရီးအမုန်း တရားကို အခြီပြုပြီးကေ ရည်ရွယ်ချက်ဟိဟိ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တေအထိ ကျူးလွန်လုပ်ဆောင်ခစွာကို တွိဟိရကေလို့ WUAN က ဆိုပါရေ။
ယင်းအပြင် “ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက္ခိုင်လူမျိုးများအား အငြိုးအတေးကြီးစွာထားပြီး “ရက္ခိုင်လူမျိုး “ ဖြစ်တည်ခြင်းသည်ပင်လျှင် ရာဇဝတ်မှုမြောက်သကဲ့သော “မင်းရို့ကိုသတ်ဖို့ လူယာဉ်စီးလို့ တကူးတက လာစွာ”လို့ ဆဲဆိုကြိမ်းဝါးသတ်ဖြတ်ခြင်းသည် ရက္ခိုင်လူမျိုးရို့၏ လူသားဖြစ်တည်မှုကို တိုက်ရိုက်ခြိမ်း ခြောက်လျက်ဟိသည်ကို
ထင်ရှားစွာမြင်တွိနီရသည်။ ယင်းပိုင်အပြစ်မဲ့ပြည်သူများကို စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ဟိဟိ စနစ်တကျကျူးလွန်နီသူများ၊ တာဝန်ဟိများနန့်အပေါင်းအပါများကို ရက္ခိုင်ပြည်သူများ အနီဖြင့် ဇာခါလေ့ မိန့်ပျောက်လိဖို့မဟုတ်”ကြောင်းလည်း WUAN၏ ထုတ်ပြန်ချက်ထဲမာ ထည့်သွင်းဖော်ပြထားပါရေ။
ဒေဂုဖြစ်စဉ်အတွင်း “ရက္ခိုင်ပြည်သူရို့နန့် ဆုံးယှုံးနစ်နာသူရို့အတွက် တရားမျှတမှုရဟိစီဖို့အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုတိ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတိမာ တာဝန်ဟိလူတိ၊ ကျူးလွန်လူတိနန့် ပါဝင်ပတ်သတ်တေလူတိအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထိရောက်ပြတ်သားစွာ အရေးယူနှိင်နှင်း ပီးဖို့နန့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတိ၊ အိမ်နားချင်းနိုင်ငံတိအနီနန့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့အရပ် သားပြည်သူရို့အပေါ် ကျူးလွန်နီရေ စစ်ရာဇဝတ်မှုတိကို ဝိုင်းဝန်းတားဆီးကနာအရေးယူဆောင်ရွက် ပီးကတ်ဖို့ ရက္ခိုင်ပြည် သူလူထုကိုယ်စား လေးနက်စွာ တိုက်တွန်းတောင်ဆိုကြောင်း ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ယက်( WUAN)၏ ဂျုန် ၄ ရက်နိ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။





