
APM ၊ ဂျုလိုင် ၆ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို ဒေနိ(ဂျုလိုင်၆ ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ မစစ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ၁၇(၁)နန့်တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်က အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊မြေပုံမြို့နယ်အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်းရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိ မိုးထ ၁၁ နာရီလောက်တွင် ကျောက်တော်မြို့နယ်တရား ရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့် ဂျူလိုင် ၁၈ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်သည်ဟု သိရသည်။
သူရို့ ၉ ယောက်သည် ပြီးခသည့်ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟုဆိုကာ ၁၇ (၁)နန့် ကျောက်တော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၉ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားသည်။
