APM၊ စပ်တမ်ဘာ ၂ / ၂၀၂၃
ဥရောပဘောလုံးပြိုင်ပွဲများတွင် ဆော်ဒီလိဂ်ကလပ်အသင်းများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဋ္ဌ ဆက်ဖာရင်က ပြောကြားလိုက်သည်။
ဆော်ဒီပရိုလိဂ် (SPL) က တရုတ်စူပါလိဂ် (CSL) နန့်တူပါရေ။ တရုတ်ပိုင် အမှားမျိုးမဖြစ်ရအောင် ဆော်ဒီလိဂ်ကို ဥရောပပွဲစဉ်တိမှာ ပါဝင်ခွင့်ပိတ်လိုက်စွာပါ။ ဆော်ဒီလိဂ် ကဇတ်သမားခေါ်ယူမှုက ပြိုင်ဆိုင်မှုဆိုင်ရာ ခြိမ်းခြောက်မှုပါရာ။ တရုတ်ကလည်း ဆော်ဒီလိဂ်ပိုင်ချဉ်းကပ်မှုမျိုးကို ကျနော်ရို့ မြင်ဖူးပါရေဟု ဆက်ဖာရင်က ဆိုသည်။
တရုတ်စူပါလိဂ် (CSL) က သက်တမ်းရင့်ကဇတ်သမားတိကို ငွေအများကြီးပီးပနာ ဝယ်ယူဖူးခပါရေ။ ယေကေလေ့ တရုတ် ဘောလုံးလောကက မဖွံဖြိုးသိမ့်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီခပါ ဟု သူက ပြောသည်။
ဥရောပအသင်းများသာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နန့် ကွန်ဖရင့်လိဂ်များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ဟိပြီး အိမ်သျှင်အဖြစ် လျှောက်ထားနိုင်ကာ၊ UEFA အနီနန့်လည်း ဖိုင်နယ်ပွဲစဉ်များကို လက်ခံကျင်းပလားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ပြောင်းသင့်လျှင်ပြောင်းလားမည်ဟု ဥက္ကဋ္ဌ ဆက်ဖာရင်က ဆက်လက်ပြောကြားခသည်။
Source Saudi Pro League threat dismissed by Uefa president Aleksander Ceferin
Photo Marca.com