
APM ၊ စပ်တမ်ဘာ ၂ / ၂၀၂၃
သံတွဲမြို့နယ်တွင် စပ်တမ်ဘာ ၁ ရက်နိညဇာက ဘောလုံးပွဲလားကြည့်ပြီး အိမ်ပြန်လာကတ်သည့် ကျောင်းသူ/ ကျောင်းသား ၅၀ ကျော်မှာ ရုတ်တရက် အသက်ယှူကျပ်ကာ မူးလဲလား၍ ဆီးရုံသို့အရေးပေါ် ပို့ ဆောင်လိုက်ရကြောင်း သိရသည်။
စပ်တမ်ဘာ ၁ ရက်နိ ညဇာ ၆ နာရီက သံတွဲမြို့မဘောလုံးကွင်း၌ အခြီခံပညာ ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အ.ထ.က ဂျိတ္တောနန့် အ.ထ.က ကင်းမော်ရို့ယှဉ်ပြိုင်ခကတ်ရာ ဇာဒီပြင်ရွာ၊ ကျောင်းတိုက်ရွာ၊ ကင်းမော်ရွာ၊ ကျောက်ဆိပ်ရွာ စသည့်ကျေးရွာများက ကျောင်းသူ/ကျောင်းသား ရာချီလာရောက်အားပီးခကတ်သည်။
ဘောလုံးပွဲကို လာရောက်ကြည့်ရှုသည့် သံတွဲမြို့နယ် ကင်းမော်ရွာ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများသည် ဘောလုံးပွဲ ကြည့်ပြီး၍ အိမ်အပြန် ကားထက်၌ ရုတ်တရက် အသက်ယှူကျပ်ကာ မူးလဲလားရာ ဆီးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်းကျောင်းသားမိဖများက ပြောသည်။
အိမ်ပြန်ရောက်၍ ရီချိုး၊ ထမင်းစားပြီးချိန်၌လည်း အသက်ယှူကျပ်၊ သတိမိကာ ဆီးရုံးရောက်လားသူများဟိပြီး ကျောင်းသူ/ ကျောင်းသား စုစုပေါင်း ၅၀ ကျော်လောက်ဟိသည်ဟုဆိုသည်။
အဆိုပါကျောင်းသူ/ကျောင်းသားများမှာ စိုးရိမ်ရသည့် အခြေအနီမဟုတ်ကေလေ့ အသက်ယှူကျပ်မှုနန့် ပက်သတ်၍ တိတိကျကျမသိရသိမ့်ဟု ကျောင်းသားမိဘများပြောကြားချက်အရ သိရသည်။
ယင်းဘောလုံးပွဲသည် စစ်ကောင်စီက ကြီးမှူးကျင်းပသောပွဲဖြစ်ပြီး သံတွဲမြို့တွင် အစည်းကားဆုံးဘောလုံးပွဲဖြစ်ကြောင်း သိရသည်။
