APM၊ ဂျန်နဝါရီ ၂၀/၂၀၂၄
ဂျန်နဝါရီ ၁၉ ရက်နိမာ ပေါက်တောမြို့တွင်းနန့် မြို့နားတဝိုက် ရက္ခိုင့်တပ်တော်(AA)နန့် အကြမ်းဖက် စစ်ကောင်စီတပ်ရို့အကြား တိုက်ပွဲတိပြင်းထန်နီရေလို့ ညီနောင်မဟာ မိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၁၉ ရက်နိ၊ ညည့် ၁၀ နာရီ မိနစ်၂၀ အချိန် သတင်း ထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ထုတ်ပြန်ချက်ထဲမာ”ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်းနန့်အနားဝန်းကျင်ဟိ တိုက်ပွဲမှာ ပြင်းထန်နီပြီး စခန်း တခုပြီးတခု လက်လွှတ် ဆုံးယှုံးနီရသော စစ်ကောင်စီတပ်သည်လက်နက်ကြီးပစ်ကူအပြင်လီကြောင်းနန့် ရီကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အသည်း အသန်ခုခံကာကွယ်နီရသည်” လို့ ဖော်ပြထားပါရေ။
အလားတူ ဂျန်နဝါရီ ၁၈ ရက်နန့် ၁၉ ရက်တိ အတွင်း ရန်သူ့ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်နန့် နေဗီသင်္ဘောတိက မင်းပြားမြို့ထက်ရပ်ကွက်တိကိုအပြင်း အထန် ပစ်မှတ်ထား တိုက်ခိုက်နီခရေလို့ ညီနောင်သုံးဖော်က ဆိုပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၁၉ ရက်နိမာ ရက္ခိုင်ပြည်၊ ပေါက်တောနန့် မင်းပြားအပြင် မြောက်ဦး၊ အမ်းနန့် ရမ်းဗြဲမြို့ နယ်ရို့မာ ရက္ခိုင့်တပ်တော်(AA)နန့်အကြမ်းဖက်စစ်ကောင် စီတပ်ရို့အကြား ကြိုကြားကြိုကြားတိုက်ပွဲတိဆက်ဟိနီခရေလို့လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။