
APM၊ ဖေဖော်ဝါရီ ၁၂/၂၀၂၄
မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေရွာနားမာဒေနိ ဖေဖော်ဝါရီ ၁၂ ရက်နိခါလည်း ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲဆက်ဖြစ်နီကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့က ၎င်းရို့၏ ဖေဖော်ဝါရီ ၁၂ ထုတ်ပြန်ချက်အထဲမာ “ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းဟိ အောင်သပြေကျေးရွာအနားတွင်လည်း ဒေနိ၊ နိခင်းပိုင်း၌ ဆက်လက်ဖြစ်ပွားခသည်” လို့ ဖော်ပြထားပါရေ။
ဒေနိတိုက်ပွဲဖြစ်နီစဉ်အတွင်းရန်သူစွာ မောင်တောမြို့နယ် “နခခ (၅)”က လက်နက်ကြီးတိနန့် ပစ်ကူတိုက်ခိုက်ခရေလို့ဆိုပါရေ။
အောင်သပြေရွာနားမာဖြစ်နီရေတိုက်ပွဲစွာ ဖေဖော်ဝါရီ ၁၁ ရက်နိ၊ မိုးထ ၁၀ နာရီ ၁၀ မိနစ်အချိန်ကပင် ဖြစ်ပွားနီခ ပြီးကေ ညကတိုက်ပွဲမာ ရက္ခိုင့်တပ်တော်စွာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို သုတ်သင်ယှင်းလင်းနိုင်ခပါရေ။
ဖေဖော်ဝါရီ ၁၁ ရက်နိတိုက်ပွဲမာလည်း ရန်သူစစ်ကောင် စီစွာ ခမောင်းဆိပ်ဗျူဟာကနီ လက်နက်ကြီးတိနန့် ပစ်ကူပီးခသိမ့်ရေလို့ သိဟိရပါရေ။
