APM၊ ဖေဖော်ဝါရီ ၂၉ / ၂၀၂၄
ဒေနိ၊ ဖေဖော်ဝါရီ ၂၉ ရက်နိ၊ မိုးထ ၈ နာရီ ၁၀ မိနစ်မာ ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈီးအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ ရီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုနန့် အပြစ်မဲ့အရပ်သားပြည်သူများသီဆုံး၊ ဒဏ်ရာရဟိမှုနန့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ကသတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နိ၊ မိုးထ (၈) နာရီ (၁၀) မိနစ်ခန့်အချိန် အကြမ်းဖက် စစ်ကောင်စီတပ်၏ ရီတပ်၊စစ်သ င်္ဘောတစီးပေါ်မှ ရည်ရွယ်ချက်ဟိဟိဖြင့် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈီးအတွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် အပြစ်မဲ့အ ရပ်သား ပြည်သူ (၁၂) ဦးသီဆုံးခပြီး အပြင်းစား ဒ ဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ် ရာရသူ (၅၀) နီးပါးအထိဟိကာ စုစုပေါင်း (၈၀) ဦးခန့်ဒဏ်ရာရဟိခကတ်သည်” လို့ဖော်ပြထားပါရေ။
စစ်တွေမြို့နန့် စစ်တွေမြို့ပတ်ဝန်းကျင်အနားတဝိုက်မာ တိုက်ပွဲတစုံတရာဖြစ်စွာမဟိပါဘဲ အများပြည်သူလူထု ဈီးရောင်းဈီးဝယ်၊ လူစည်ကားနီရေအချိန်မာ အကြမ်းဖက်စစ်ကောင်စီက ယခုပိုင် လူ အစုလိုက်အပြုံလိုက်သီဆုံးစီဖို့တမင်တကာ ရည်ရွ ယ်ချက်ချက်ဟိဟိပစ်ခတ်စွာဖြစ်ပြီးကေ၊ ဒေလုပ် ရပ်မာ စစ်ကောင်စီစွာ စစ်ရာဇဝတ်မှုကို ပြောင် ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်စွာပင်ဖြစ်တေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းအပြင် “ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပီးနီသော အကြမ်းဖက်စစ်ကောင်စီအနီဖြင့် ယခုကဲ့သို့သော လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုဟိရမည်ဖြစ်ပြီး မိမိရို့အနီဖြင့်လည်း ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်ကျူးလွန်နီမှုများတွင် ပါဝင်ပတ်သက်နီသောသူများကို စစ်ဆီးဖော်ထုတ် အ ရေးယူလားမည်ဖြစ်သည်။ မြောက်ဦးအပြစ်မဲ့ပြည်သူ(၇) ဦးအား သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူး လွန်ခသောသူများကို စစ်ဆီး၍ ဒေနိတွင်ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီကျူးလွန်ခသော အခြားသောစစ်ရာဇ ဝတ်မှုများကို ဆက်လက်စစ်ဆီးနီပြီး ဆက်လက်ထုတ်ပြန်လားမည်ဖြစ်သည်” လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ဒေပိုင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ပနာ ဆိုးရွားပြင်းထန်ရေ စစ်ရာဇဝတ်မှုတိ ကျူးလွန်နီစွာကို နိုင်ငံတကာအသိုင်း အဝိုင်းနန့် အိမ်နီးနားချင်းနိုင်ငံရို့အနီနန့် ဝိုင်းဝန်းဆန့်ကျင်တားဆီးပီးကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အာရက္ခပြည်သူလူထုရို့ကိုယ်စား အလေးအနက်တိုက်တွန်းလိုက်ပါကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ဒေသ စစ်မျက် နှာမာ တပ်ရင်း၊ တပ်မ ဌာနချုပ်တိတခုပြီးတခု ကျဆုံးပြီးကေ မြို့တိ တမြို့ပြီးတမြို့ လက်လွှတ်နီရပနာ စစ်ယှုံးနီမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအ မျက်ထွက်လျက် လူမျိုးရီးအမုန်းတရားတိနန့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်စွာ၊ လူမျိုးရီးပဋိပက္ခတိဖန်တီးစွာ အစဟိရေ အောက်တန်းကျရေ နည်းလမ်းပေါင်းစုံရို့ကို အယင်ကထက် ပိုမိုလုပ်ဆောင်လာနီရေအတွက် ဒေပိုင်လုပ်ရပ်ကို သတိထားစောင့်ကြည့်ကတ်ပါရန်ကိုလည်း ရက္ခိုင့်တပ်တော်က အသိပီးထားပါရေ။
“မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်အပြည့်ဖြင့် ပြည်သူများကို လက်နက်အားကိုးဖြင့် ပစ်ခတ်သတ်ဖြတ်နီသော အကြမ်းဖက် စစ်ကောင်စီသည် အများပြည်သူများ လားလာနီထိုင်ရာ မြို့ရွာ၊ နီအိမ်များ၊ ဈီးများ၊ စာသင်ကျောင်းများ၊ ဆီးရုံဆီးခန်းများကို ပစ် မှတ်ထားကာ နိစဉ်ရက်ဆက်တိုက်ခိုက်နီသောကြော င့် မိဘပြည်သူများအနီဖြင့် လားလာသည့်အချိန်၊ အိမ်နီချိန်များ၌ ပေါ့ပေါ့တန်တန်မနီကတ်ဘဲ စစ်ရီးသတိဖြင့် လားလာနီထိုင်ကတ်ပါရန် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်အနီဖြင့် အထူး တိုက်တွန်းလိုက်ပါသည်” လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။