APM ၊ နိုဗမ်ဘာ ၂၅ / ၂၀၂၃
နိုဗမ်ဘာ ၂၁ ရက်နိကစလို့ နိုဗမ်ဘာ ၂၄ ရက်နိအထိ ဓား စာခံကယ်တင်ရီး ၄ ရက်အတွင်း လူသားဒိုင်းကာနန့် ဓားစာခံအဖြစ် စစ်ကောင်စီတပ် ပြန်ပီးဆွဲဖမ်းဆီးထားခရေ ပေါက်တောမြို့ ခံ ၂၈၃ ဦးကို ရက္ခိုင့်တပ်တော် AA က ကယ်ထုတ်ပြီးဖြစ်ကြောင်း သိရပါရေ။
လူသားဒိုင်းကာနန့် ဓားစာခံအဖြစ် ပြန်ပီးဆွဲခံထားရရေ ပေါက်တောမြို့ခံ ၁၂၀ ကိုနိုဗမ်ဘာ ၂၁ ရက် နိမာ ပထမအသုတ်အဖြစ်လည်းကောင်း၊ ဖမ်းဆီးခံထားရရေဓား စာခံတိနန့် ပေါက်တောမြို့တွင်းအိမ်တချို့မာပုန်းကျန်နီခလူ ၁၀၄ ယောက်ကို နိုဗမ်ဘာ ၂၂ မာ ဒုတိယအသုတ်အဖြစ် လည်းကောင်း ရက္ခိုင့်တပ်တော်က ကယ်ထုတ်ပီးခပြီး၊နိုဗမ်ဘာ ၂၃ နန့် ၂၄ ရက်နိတိမာလည်း ပြည်သူ ၅၉ ယောက်ကိုကယ်ထုတ်နိုင်ခရေအတွက် ၄ ရက်အတွင်း ဒေသခံ ၂၈၃ ယောာက်ကို ကယ်ထုတ်ပြီး လုံခြုံစိတ်ချရရေ နီရာတိသို့ ပိုဆောင်ပီးခပြီး ဖြစ်ပါရေ။
နိုဗမ်ဘာ ၂၁ ရက်နိ ဓားစာခံကယ်တင်ရီးဆောင်ရွက်မှုအတွင်း ရန်သူ ၃၀ ကျော်ကိုသုတ်သင်ခရပြီး၊ နိုဗမ်ဘာ ၂၂ ရက်နိဓားစာခံကယ်တင်ရီးအတွင်း ရန်သူ ၁၈ယောက် ကို သုတ်သင်ခရကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါရေ။
ဓားစာခံကယ်တင်ရီးဆောင်ရွက်တေခါ ဒရုန်းစက်တိအပါအဝင် ရန်သူ၏ လက်နက်ခဲယမ်းနန့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရခရေလို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်စွာပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပီးဆွဲခံထားရပြီး ကျန်နီသိမ့်ရေ ဓါးစာခံတိ အန္တရာယ်ကင်းကင်းနန့် လွတ်မြောက်နိုင်
ဖို့အတွက် ဆက်လက် ကြိုးပမ်းလျက်ဟိကြောင်းလည်းသိရပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ပြီးခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၆ ရက်နိကပင် ရဟန်းသံဃာတိ၊ သက်ကြီးရွယ်အိုတိ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတိနန့် အချေသူငယ်တိပါဝင်ရေ ပေါက်တောမြို့ခံတိကို လူသားဒိုင်းကာနန့် ဓါးစာခံတိအဖြစ် ပြန်ပီးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခစွာဖြစ်ပါရေ။