
APM၊ ဂျန်နဝါရီ ၃၁/၂၀၂၄
ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်း ပိုက်ဖို့အပြင်း အထန် ထိုးစစ်ဆင် တိုက်ခိုက်နီရေ မင်းပြားအခြီစိုက်စစ်ကောင်စီ တပ်၊ စကခ(၉) လက်အောက်ခံ ခမရ(၃၇၉)တပ်ရင်းထံမှလက်နက်ခဲယမ်းတိနန့် စစ်အသုံးအဆောင် ပစ္စည်းအချို့ ကို သိမ်းပိုက်ရဟိထားကြောင်း ရက္ခိုင့်တပ်တော်(AA)က ဂျန်နဝါရီ ၃၀ ရက်နိမာ ထုတ်ပြန် ကြေညာပါရေ။
မင်းပြားမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၈၀)၊ ခမရ (၃၇၉)၊ ခမရ(၅၄၁) ဆိုပနာ ခြီမြန်တပ်ရင်း (၃)ရင်းဟိရေအနက် ဂျန်နဝါရီ၂၈ရက်နိက ခမရ(၃၈၀)ကို ရန်သူ၏ ကြည်း၊ရီ၊လီ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နီရေကြားက၂၀၂၄ ခုနှစ်၊ဂျန်နဝါရီ(၂၈) ရက်နိမာ ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်တိက ရဲရင့်ပြောင်မြောက်စွာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခပါရေ။
ယင်းနောက် မင်းပြားမြို့နယ်အတွင်း ကျန်နီရေတပ်ရင်း၂ ရင်းထဲက ခမရ(၃၇၉)ကို ထပ်မံ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ရက္ခိုင့်တပ်တော်က အပြင်းအထန် ကြိုးပမ်းနီခစွာဖြစ်ပါရေ။
ယင်းပိုင် စစ်ကောင်စီ၏ ခမရ(၃၇၉) ကို ထိုးစစ်ဆင်နီချိန်အတွင်း စစ်ကောင်စီစွာ မင်းပြားမြို့ကို လီကြောင်း ဗုံးကြဲတိုက် ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်ခပါရေ။
အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၉)ကိုမကြာခင်အ ပြီးသတ်သိမ်းပိုက်ရယူဖို့ ရက္ခိုင့်တပ်တော်ကအပြည့်အဝ ယုံကြည်နီပြီး၊လက်ဟိ ၎င်းရို့ဖက်က အခြေအနီကောင်း နီရေလို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
လက်ဟိမာ ရက္ခိုင့်တပ်တော်စွာ မင်းပြားအပြင် ကျောက်တော်နန့်မြောက်ဦးမြို့နယ်ရို့မာကျန်နီရေတပ်ရင်းတိကိုပါအပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက် အပြင်းအထန်ထိုးစစ် ဆင် တိုက်ခိုက်နီကြောင်းလည်း သိရပါရေ။


