
ရမ်းဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အလောင်း၊ လက် နက်ခဲယမ်း၊ စစ်အသုံးအဆောင်နန့် လီယာဉ်က ချပီးရေခဲယမ်းတိကို ရက္ခိုင့်တပ်တော် သိမ်း ဆည်းရမိ
APM၊ ဂျန်နဝါရီ ၃၁/၂၀၂၄
ရမ်းဗြဲမြို့မာ ဂျန်နဝါရီ ၃၀ ရက်နိက ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲဖြစ်ပွားခရေလို့ ရက္ခိုင့် တပ်တော်(AA)က သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ဂျန်နဝါရီ ၃၀ရက်နိထုတ်ပြန်ချက်အရ ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာရေ စစ်ကောင်စီ၏ စစ်အင်အား၁၂၀ ကျော်နန့် အယင်ကဟိပြီးသား လက်ကျန်စစ်ကောင်စီ တပ်ဖွဲ့ဝင်တ ချို့ ၏ ပူးပေါင်းစစ်ကြောင်းနန့် ရက္ခိုင့်တပ်တော်ရို့မြို့ တွင်းတိုက်ပွဲစတင်ဖြစ်ပွားကြောင်း သိရပါရေ။
တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးဟိပြီး၊စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတချို့အပြင် လီကြောင်းမှ ချပီးခရေ လက်နက် ခဲယမ်းတချို့ကိုပါ သိမ်း ဆည်းမိခပြီးကေ ရမ်းဗြဲတိုက်ပွဲစွာ နောက်ရက်တိမာလည်း ပိုလို့ပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ဒေဂုရက်သတ္တ တပတ်အတွင်း ရမ်းဗြဲမာ ရင်ဆိုင်တိုက်ပွဲဆိုစွာထက် စစ်ကောင်စီက လီကြောင်း၊ လက်နက်ကြီးတိနန့် အဓိက ပစ်ခတ်ပြီးကေ တမြို့လုံးကိုပျက်စီးစီဖို့ တလိတမင် ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးနီခစွာ ဖြစ်ပါရေ။
ရက္ခိုင်ဒေသအတွင်း ရမ်းဗြဲ၊ဘူးသီးတောင်နန့်မောင်တော မြို့တိမာ အယင်ရက်တိကတိုက်ပွဲချေတချို့ဟိခကေလေ့ ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့တိမာတော့အကြမ်း ဖက် ဖက်ဆစ် စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်ရို့စွာ နိစဉ်ရက်ဆက် တိုက်ပွဲတိ ပြင်းပြင်းထန်ထန်ဖြစ်ပွားနီခပါရေ။
အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့တိမာဟိရေ စစ်ကောင်စီ၏ အခြီစိုက်တပ်ရင်းတိကို ရက္ခိုင့်တပ်တော်က တရင်းမကျန် အပြီးသတ်သိမ်း ပိုက်ရယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နီရေအတွက် တိုက်ပွဲတိ အဂုပိုင်ပြင်းထန်နီရစွာ ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်အနီနန့် ရန်သူစစ်ကောင်စီ၏ တပ်ရင်းတိကို တခုပြီးတခု သိမ်း ပိုက်ရယူနိုင်ခပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ယင်းအပြင် အာရက္ခပြည်သူရို့ကို နှစ်ပေါင်းများစွာ ကြာအောင် ဒုက္ခပီးနီခရေ စစ်ကောင်စီ၏ တပ်စခန်းတိုင်း နန့် လက်နက်ချ အညံ့မခံဘဲ ပြည်သူရို့ကို ဒုက္ခပီးနီရေ စခန်းတိုင်းကို တစခန်းမကျန်ရေအထိ ဆက် လက် ထိုးစစ်ဆင်တိုက်ခိုက်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
