
APM၊ ဖေဖော်ဝါရီ ၂၈/၂၀၂၄
အာရက္ခပြည်သူ့အစိုးရ စီမံအုပ်ချုပ်နီသော ရက္ခိုင်ပြည်၊ မြေပုံမြို့၌ ဖေဖော်ဝါရီ ၂၇ ရက်နိကလည်း ညဇာ ၃ နာရီမှစ၍ မြေပုံမြို့ မြို့မပန်းခြံနန့်မြို့နယ်ခန်းမရို့မာ သန့်ယှင်းရီးလုပ်ငန်းများ ဆောင်ရွက်ခကတ်ကြောင်း သိရပါသည်။
ယင်းသို့မြို့မပန်းခြံနန့်မြို့နယ်ခန်းမ သန့်ယှင်းရီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပုံမြို့ထက်က မြို့နယ်အုပ်ချုပ် ရီးအဖွဲ့ဝင်များ၊ ရပ်ကွက်အသီးသီးက အုပ်ချုပ်ရီးအဖွဲ့ဝင်များ၊ မြို့နယ်လူငယ် အစည်း အရုံးအဖွဲ့ဝင်များ၊ တောင်ပေါ်ရပ်ကွက် IDP Camp မှ မူဆလင်များ၊ စည်ပင်သာယာရီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၂၀၀ ခန့်လုပ်အား ပီးခကတ်ပါသည်။
နောက်ရက်များတွင်လည်း မြို့အနှံ့လိုအပ်သည့်နီရာများ၌ ဆက်လက်၍ လုပ်အားပီးလားဖို့ အစီအစဥ်ဟိကြောင်း သိရပါသည်။
အလားတူ ရက္ခိုင်ပြည်ဟိ အာရက္ခပြည်သူ့အစိုးရ စီမံအုပ်ချုပ်နီသည့် အခြားသော မြို့ရွာများ၌လည်း ပြည်သူများနန့်တတူ လက်တွဲ၍မြို့ရွာသန်းယှင်းရီးလုပ်ငန်းများ အပါအဝင် ပြန်လည်တည်ဆောက်ရီး လုပ်ငန်း များကို ဆောင်ရွက်လျက်ဟိနီပြီး၊ အခြားမြို့နယ်များ၏ လုပ်ဆောင်ချက်သတင်းများကိုလည်း ဆက်လက် ဖော်ပြပီးလားပါမည်။
