APM၊ ဖေဖော်ဝါရီ ၂၇/၂၀၂၄
ဖေဖော်ဝါရီ ၂၇ ရက်နိ၊ မိုးထပိုင်းမာ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဘုရားနားဟိ ကျောက်တလုံးကယ်ဆယ် ရီးစခန်း(IDP)က မူဆလင်အမျိုးသား ၁၀၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သတင်းရဟိပါရေ။
ဖေဖော်ဝါရီ ၂၇ ရက်နိ၊ မိုးထ ၉ နာရီလောက်မာ ကျောက်ဖြူ အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ( ၅၄၂) က တပ်ဖွဲ့ဝင် ၅၀ လောက်စွာ ကျောက်တလုံး ကယ်ဆယ်ရီးစခန်းထဲသို့ ဒေါသတကြီး စီးနင်းဝင်ရောက် လာခရေ လို မျက်မြင်ဒေသခံတိက ပြောပါရေ။
ယင်းနောက် ယင်းစခန်းမာ လုံခြုံရီးယူထားရေ အမှတ် (၃၂) ရဲတပ်ရင်းမှ ရဲအင်အား ၂၀ ခန့်နန့် ပူးပေါင်းပြီးကေ စုစုပေါင်းစစ်ကောင်စီအင်အား ၇၀ လောက်နန့် စခန်းထဲက အသက် ၁၈ နှစ်နန့် ၃၅ နှစ်ကြား မူဆလင်အမျိုးသား (၁၀၇)ယောက်ကို အဓမ္မဖမ်းဆီးပနာ ကယ်ဆယ်ရီးစခန်းဟိ ရိက္ခာဂိုဒေါင်ထဲမာ ထိန်းသိမ်းထားရေလို့ ဒေသခံတိ က အတည်ပြု ပြောဆိုပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၂၅ ရက်နိ၊ ညည့်မာလည်း ကျောက်ဖြူမြို့က အချေ ၃ ယောက်အပါအဝင် အရပ်သားပြည်သူ ၁၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်လားခပါသိမ့်ရေ။