
APM၊ ဖေဖော်ဝါရီ ၂၇/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နိ၊ မိုးထ (၁) နာရီ (၄၅) မိနစ်အချိန်မာ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ဟိ မင်းဖူးဆီးရုံကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လီယာဉ်တစီးနန့် ယှုံးမဲမဲပနာ လူမျိုးရီးအမုန်းတရားတိနန့် တမင်တကာ ရည်ရွယ်ချက်ဟိဟိ လာရောက် ပစ်ခတ်တိုက်ခိုက်ခကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
အဆိုပါလီကြောင်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခရပြီးကေ ဆီးဝါးကုသမှုခံယူနီကတ်တေ အပြစ်မဲ့အရပ်သားပြည်သူတိ၊ ဆီးရုံဝန်ထမ်းတိ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုတိ လည်း ဟိခပါရေ။ ယင်းဆီးရုံစွာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံ့ပန်းတိ၊ သုံ့ပန်းမိသားစုဝင်တိကို ဆီးကုသပီးနီရေ အရပ်ဖက်ဆီးရုံတခုလည်းဖြစ်ပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ဒေသစစ်မျက်နှာမာ ၎င်းရို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဖက်၊ ရဲဖက်စခန်း များစွာနန့် တမြို့ပြီးတမြို့ကို လက်လွှတ်ဆုံးယှုံးနီရရေအတွက် ယှုံးမဲမဲပနာ မြို့၊ ရပ်ရွာရို့ဟိ အရပ်သားပြည်သူ လူထုတိနန့် ဆီးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက် အအုံတိကို ပစ်မှတ်ထားတိုက်ခိုက်ပြီးကေ စစ်ရာဇဝတ်မှု တိကိုလက်ရဲဇက်ရဲကျူးလွန်လျက်ကြောင်းလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။








