
စစ်သုံ့ပန်းတိ နန့် သုံ့ပန်းမိသားစုဝင်တိလည်း ပြင်းထန်ဒဏ်ရာရမှုတိ အများအပြားဟိ
APM ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၄
ဖေဖော်ဝါရီ ၂၇ ရက်နိ၊ မိုးထစောစောမာ မင်းပြားမြို့နယ်၊ သေကံရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ နန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ယောက်ထက်မနည်း ဒဏ်ရာရလား ရေလို့ သိရပါရေ။
ယင်းနည်းတူ မင်းဖူးအရပ်ဖက်ဆီးရုံကို စစ်ကောင်စီ လီကြောင်းကတိုက်ခိုက်လို့ ဆီးရုံပျက်စီးပနာ ဆီးကုသမှု ခံယူနီကတ်တေအရပ်သားပြည်သူတိ၊ ဆီးရုံဝန်ထမ်း တိအပြင် စစ်သုံ့ပန်းတိနန့်သုံ့ပန်းမိသားစုဝင်တိ အများအ ပြားလည်း ပြင်းထန်ဒဏ်ရာရလားခရေလို့ ဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ဖေဖော်ဝါရီ ၂၇ ရက်နိ၊ မိုးထစောစော ၁ နာရီခွဲလောက်က ဂျက်ဖိုက်တာနန့် သေကံရွာ ကို ရည်ရွယ်ချက်ဟိဟိ ဗုံးကြဲတိုက်ခတ်ခကြောင်း ရပ်သူရွာသားတိက ပြောပါရေ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့မှ စစ်ဖီးယှောင်လာကတ်တေ ပြည်သူတိနန့် သေကံရွာခံသားတိအပါအဝင် စုစုပေါင်းအာရက္ခပြည်သူ ၁၄ ယောက်ထက်မနည်းဒဏ်ရာရလားပြီးကေ လူနီအိမ် ၁၂ ဆောင်၊ စာသင်ကျောင်း ၂ ကျောင်းနန့် စပါးကျီ ၁ ကျီ(စပါးတောင်း ၆၀၀)ရို့ ပျက်စီးဆုံးယှုံးလားခရေလို့ ဆိုပါရေ။
အလားတူ ဖေဖော်ဝါရီ ၂၇ ရက်နိ၊ မိုးထ ၁ နာရီ ၄၅ မိနစ်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီစွာ မင်းပြားမြို့ နယ်၊မင်းဖူးအရပ်ဖက်ဆီးရုံကို ဂျက်တိုက်လီယာဉ်တစီးနန့် တမင်တကာ ရည်ရွယ်ချက်ဟိဟိ လာရောက် ပစ် ခတ်တိုက်ခိုက်ခကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါရေ။
အဆိုပါ လီကြောင်းတိုက်ခိုက်မှုကြောင့်လည်း ဆီးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခရပြီးကေ ဆီးဝါး ကုသမှုခံယူနီကတ်တေ အရပ်သားပြည်သူတိ၊ ဆီးရုံဝန်ထမ်းတိ ထိခိုက်ဒဏ်ရာရလားခရေပိုင် ယင်းဆီးရုံမာ ဆီးကုသမှုခံယူနီကတ်တေ စစ်ကောင်စီ၏ သုံ့ပန်းတိ၊ သုံ့ပန်းမိသားစုဝင်တိ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခရေလို့ သိဟိရပါရေ။






















