APM၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄
ဒေနိ၊ ဖေဖော်ဝါရီ ၂၆ ရက်နိမာ ရက္ခိုင့်တပ်တော်စွာ မင်းပြားမြို့နယ်က စစ်ကောင်စီ၏ တခုတည်းလက် ကျန် တိုင်း ဗဟို(၉) လိကျင့်ရီးသင်တန်းကျောင်းကို ဆက်လက်တိုက် ခိုက်ရာ တိုင်းဗဟို (၉) ၏ အစိတ် အပိုင်းများစွာကို သိမ်း ထားနိုင်ပြီး၊ ၎င်းသင်တန်းကျောင်းတခုလုံး သိမ်းပိုက်နိုင်ဖို့အတွက် အပြင်းအ ထန် ထိုးစစ်ဆင်နီရေလို့ ရက္ခိုင့်တပ်တော် သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်စွာ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနားဟိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလိကျင့်ရီးသင် တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီ ၁၇ ရက်နိကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နီခစွာဖြစ်ပြီးကေ ၂၀၂၄ ခုနှစ်၊ဖေ ဖော်ဝါရီ ၂၆ ရက်နိဆိုကေ ထိုးစစ်ကိုးရက်မြောက်နိလည်း ဖြစ်ပါရေ။
တိုင်းဗဟို(၉)ထိုးစစ်အတွင်း ရန်သူဖက်ကလီကြော င်းပစ်ကူတိ၊ လက်နက်ကြီးပစ်ကူတိ အကြိမ်ပေါင်းမြောက်မြား စွာ မရပ်မနားခုခံ တိုက်ခိုက်နီကေလေ့ အဆိုပါရန်သူ၏ လိကျင့်ရီးသင်တန်းကျောင်းတခုလုံးကို အပြီးသတ်သိမ်း ပိုက်ရယူရီးအတွက် ရက္ခိုင့်တပ်တော်၊ အာရက္ခစစ်သည်တော်ရို့က ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရေ လို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။