APM ၊ ဧပြီ ၂၃ / ၂၀၂၄
ရက္ခိုင်ပြည်မာ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ အများပြည်သူ ခရီးလားလာနီရေ ကုန်းလမ်း၊ ရီလမ်းတိကို ရည်ရွယ်ချက်ဟိဟိဖြတ်တောက်ဖျက်ဆီးလျက်ဟိရာ ဒေနိ(ဧပြီ ၂၃ ရက်နိ)၊ မိုးထမာလည်း တောင်ကုတ်မြို့နယ်၊ ဒုံးရွာနန့် မီးကျောင်းထိုးရွာသို့ ဆက်သွယ်ထားရေ ရွာချင်းဆက်မြီသားလမ်းကို ဘတ်ဟိုးတစီးနန့် တူးဖော်ဖျက်ဆီးခရေလို သိရပါရေ။
ယင်းလမ်းကို ဒေနိ မိုးထ ၁၁ နာရီလောက်မာ တောင်ကုတ်မြို့မရဲစခန်းက ရဲကားတစီး၊ အိမ်စီးကားတစီးနန့် လိုက်ပါလာရေ အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် ၁ဝ လောက်စွာ ဘတ်ဟိုးတစီးနန့် တူးဖော် ဖျက်ဆီးထားခကတ်တေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
ကုန်ခရေ မာ့ချ် ၁၉ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီစွာ ဒေသခံပြည်သူတိ လူမှုစီးပွားအတွက် အဓိက အသုံးပြု လားလာနီကတ်တေ တောင်ကုတ်-အမ်းလမ်း လမ်းမကြီးကို လူမဆန်စွာ ဖျက်ဆီးခရေပိုင်၊ တောင်ကုတ်မြို့နန့် ရွာတိကို ဆက်သွယ်ထားရေ တန်းထား သုံးစင်းကိုလည်း ဖျက်ဆီးခကတ်ပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ အာရက္ခတပ်တော် တိုက်ခိုက်လာဖို့ကို အသက်ထွက်မတတ် စိုးရိမ်ကြောက်လန့်နီရေ စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ ပြည်သူကို အဓိကပစ်မှတ်ထားပနာ ပြည်သူတိ အငတ်ဖီးဆိုက်စီဖို့ ရည်ရွယ်ချက်နန့် ရိက္ခာပြတ်တောက်လားအောင် ကုန်းလမ်း၊ ရီလမ်းအပါအဝင် ဆက်သွယ်ရီးလမ်းကြောင်းမှန်သမျှကို ပိတ်ဆို ဖြတ်တောက်ထားလို့ဟိနီပါရေ။