
APM၊နိုဗမ်ဘာ ၂၇/၂၀၂၃
စစ်တွေမြို့နယ်၊ တောကန်ရွာမာ ဒေနိ(နိုဗမ်ဘာ ၂၇ ရက်နိ)၊ ညဇာ ၆ နာရီလောက်က စစ်ကောင်စီတိုက်ခိုက်ရီးဒရုန်းနန့် ဗုံးကြဲတိုက်ခိုက်လို့ အချေ ၂ ယောက်အပါအဝင် အရပ်သားပြည်သူ ၆ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားခကြောင်း သိရပါရေ။
စစ်ကောင်စီက အပြစ်မဲ့ပြည်သူရို့အပေါ် ရည်ရွယ်ချက်ဟိဟိ လူမဆန်စွာ ဒရော့ဗုံး (Drop Bomb) နန့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရလားလူတိစွာ တောကန်ရွာနီ မောင်ထက်သူရ (၁၀ နှစ်)၊ မောင်ဖြိုးဝင်းမောင်(၁၄ နှစ်)၊ မခင်ဖြိုး(၂၇ နှစ်) ၊.မနွယ်မာစိုး(၂၅ နှစ်)၊ ကိုကျော်မျိုးလင်း (၂၅ နှစ်) ၊ ကို ကျော်မျိုးသူ (၂၅ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
စစ်ကောင်စီ၏ ဒရုန်းက ပစ်ချလိုက်တေ Drop Bomb စွာ တောကန်ရွာ စာသင်ကျောင်းနားက ဦးကျော်စိန်၏ နီအိမ်ရှိသို့ ကျရောက် ပေါက်ကွဲခပြီးကေ အိမ်မာဟိနီရေ ဦးကျော်စိန်၏ သမီး မခင်ဖြိုးနန့် ၁၀ နှစ်အရွယ် မောင်ထက်သူရ ရို့အပါအဝင် ဒေသခံ ၆ ယောက် ဒဏ်ရာရလားခရေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
Drop Bomb ဒဏ်ကြောင့် သူရို့၏ လက်မောင်း၊ခြီထောက်၊ ပေါင် နန့် ခန္ဓာကိုယ်အနှံ့မာ ဒဏ်ရာတိရလားစွာလို့ မျက်မြင်တိက အခိုင်အမာ ဆိုကတ်ပါရေ။
ရက္ခိုင်ပြည်မာ အကြမ်းဖက် စစ်ကောင်စီတပ်စွာ ရီတပ်စစ်သင်္ဘောတိကို အပြင်းထန်ဆုံး အသုံးပြုတိုက်ခိုက်နီရေပိုင် လီကြောင်းတိုက်ခိုက်မှုတိမာလည်း ရဟတ်ယာဉ်၊ ဂျက်တိုက်လီယာဉ်တိအပြင် တိုက်ခိုက်ရီး ဒရုန်းတိနန့်ပါ အပြစ်မဲ့ ပြည်သူတိကို ရက်ရက်စက်စက်ပြင်းပြင်းထန် ထန် တိုက်ခိုက်လာနီရေအတွက် ပြည်သူတိအနီနန့်စစ်ရီးသတိဟိပြီးကေ ဒရုန်းအန္တရာယ်ကိုပါအထူးသတိပြုယှောင်ယှားကတ်ဖို့ အရေးတကြီး လိုအပ်နီပါရေ။




