APM ၊ ဧပြီ ၂၃ /၂၀၂၄
ကျောက်ဖြူမြိုနယ်မာ ဧပြီ ၂၂ ရက်နိက အပြစ်မဲ့ပြည်သူနှစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မတရားဖမ်းယူလားရေလို့ သိရပါရေ။
အဖမ်းခံခရရေလူတိစွာ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်က ဦးညီစေ့ကေ (၃၉ နှစ်)နန့် ဦးမောင်ပိန် (၆၅ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဧပြီ ၂၂ ရက်နိ၊ ညဇာ ၆ နာရီခွဲလောက်မာ ကျောက်ဖြူအခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် လခရ(၃၄) တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ယောက်စွာ အိမ်စီးကားတစီးနန့် ကညင်တောရပ်ကွက်သို့ ရောက်လာပြီးကေ ဦးညီစေ့ကေကို အိမ်ထဲသို့ဝင်ပနာ မတရားဖမ်းယူလားခရေလို့ ဒေသခံတိက ပြောပါရေ။
ဦးညီစေ့ကေကို ဖမ်းယူလားခပြီးနောက် ညည့် ၁ နာရီအချိန်လောက်မာလည်း ယင်း ခလရ (၃၄) တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီဗိုလ်ကြီး အောင်ဖြိုးဦး ဦးဆောင်ရေအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်စွာ ကညင်တောရပ်ကွက်သို့ ထပ်ရောက်လာပြန်ပနာ ဦးမောင်ပိန်ကိုပါ နီအိမ်ထဲဝင်ဖမ်းလားပြန်ပါရေ။
ရက္ခိုင်ပြည်မာ အာရက္ခတပ်တော်(AA)နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီစွာ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်စရေ ၎င်းရို့ လက်မလွတ်ရသိမ့်ရေ ရက္ခိုင်ပြည်မြို့နယ်တချို့ထဲက အပြစ်မဲ့အရပ်သားပြည်သူတိကို အကြောင်းအမျိုးမျိုးပြပနာ မတရား ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်မှုတိ ပြုလုပ်လျက်ဟိပါရေ။