
APM၊ ဖေဖော်ဝါရီ ၂၂/၂၀၂၄
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်စွာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ် (၄)ခုကိုတပြိုင်နက် ထိုးစစ်ဆင်လျက်ဟိရေလို့ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၂၁ ရက်နိမာ ထုတ်ပြန်ထားပါရေ။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်မာ”ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တောမြို့များဟိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင် စီ၏ စစ်စခန်း၊ ဗျူဟာ၊တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက် ရယူရန်အတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ဟိသည်”လို့ဖော်ပြ ထားပါရေ။
တချိန်တည်းမာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တော င်၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့တိမာ စစ်ကောင်စီ၏ တပ်စခန်းတိက လက်နက်ကြီးတိနန့် မြို့၊ရွာ၊လူနီအိမ်တိကို အယင်ရက်တိကပိုင် ယမ်းသန်း ပစ်ခတ်တိုက်ခိုက်နီခရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် မင်းပြားမြို့နယ်ဟိ စစ်ကောင်စီ၏ တိုင်းဗဟို (၉) လိကျင့်ရီးကျောင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်လျက်ဟိရာမာ ရန်သူ၏ ကာကင်းစခန်း (၃) ခုနန့် အရေးပါရေ နီရာတခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီးဖြစ်ပါကြောင်းကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်နိထုတ်ပြန်ချက်ထဲမာ ထည့်သွင်းဖော်ပြထားပါရေ။
