
APM ၊ ဂျူလိုင် ၁၃ /၂၀၂၄
စစ်ကောင်စီဆုတ်ခွာထွက်ဗြီးလားရေ လမ်းတိ၊ စစ်ကောင်စီစခန်းချရာ အနားပတ်ဝန်းကျင်တိမာ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားခရေအတွက် အာရက္ခပြည်သူရို့အနီနန့် မိုင်းအန္တရာယ်ကို အထူးသတိပြု လားလာနီထိုင်ကတ်ဖို့ အာရက္ခတပ်တော်AA က ဂျူလိုင် ၁၃ ရက်နိမာ သတိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားလျက်ဟိနီတုန်းနီရာများဖြစ်ကတ်သော သံတွဲ နန့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နီသကဲ့သို့ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နီရာများ၊ တန်းထားများနန့် ၎င်းရို့စခန်းချခသော နီရာများတွင် စွန့်လွှတ်မိုင်း၊ မြီမြှုပ်မိုင်းများ ထောင်ထားခသည်ကို တွိဟိနီရပါသည် လိုဖော်ပြထားပါရေ။
ယင်းအပြင် အာရက္ခတပ်တော် အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်တေ မြို့ရို့ဟိ စစ်ကောင်စီ၏ အခြီစိုက် တပ်စခန်းတိ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနားပတ်ဝန်းကျင်၊ လူလားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြီတိမာလည်း စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတိကို နင်းမိလို့ အရပ်သားပြည်သူလူထုရို့ အသက်သီဆုံးစွာ၊ ကိုယ်လက်အင်္ဂါ ဆုံးယှုးစွာတိကို နိတိုင်းဆိုပိုင်ကြုံတွိနီရရေလို အာရက္ခတပ်တော်က ဆိုပါရေ။
၂၀၂၄ ခုနှစ်၊ ဂျူလိုင် ၁၂ ရက်နိမာလည်း စစ်ကောင်စီစွာ သံတွဲမြို့၊ နံတော်တောင်တန်းထား(နန်းချောင်းတန်းထား)ကို ဖောက်ခွဲဖျက်ဆီးဖို့အတွက် တန်းထားထက်မာ မိုင်းတိထောင်ထားခရေပိုင်၊ ၎င်းရို့ဆုတ်ခွာထွက်ဗြီးလားရေလမ်းတိ၊ ၎င်းရို့စခန်းချရာ အနားပတ်ဝန်းကျင်တိမာ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားစွာကို တွိရရေလို သိရပါရေ။
ယင်းကြောင့် အရပ်သားပြည်သူလူထုအနီနန့်မိုင်းနန့်ပတ်သက်တေ ဗဟုသုတ၊ အသိပညာတိကို သိဟိအောင် ပြုလုပ်ထားစွာ၊ စစ်ကောင်စီ၏ တပ်စခန်းတိ၊ တပ်စခန်းပတ်ဝန်းကျင်တိ၊ စစ်ကောင်စီ (ယာယီ)စခန်းချခရေ နီရာတိမာမိုင်းအန္တရာယ် သတိမမူဘဲ လားလာစွာ၊ သားကောင်ရှာစွာ၊ ကျွဲ၊ နွားတိ လွှတ်ထားစွာတိကို လတ်တလောအခြေအနီတိမာ မပြုလုပ်ကတ်ဘဲ မိုင်းသတိနန့် လားလာနီထိုင်ကတ်ဖို အာရက္ခတပ်တော်၏ ဂျူလိုင် ၁၃ ရက်နိ အသိပေး ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။


