
APM၊ ဖေဖော်ဝါရီ ၅/၂၀၂၄
ဖေဖော်ဝါရီ ၄ ရက်နိ၊ပုဏ္ဏားကျွန်းမြို့နယ်မာ စစ်ကောင်စီ တပ်နန့်ရက္ခိုင့်တပ်တော်ရို့ကြား တိုက်ပွဲ ထပ်ဖြစ်ခရေလို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ဖေဖော် ဝါရီ ၄ ရက်နိ သတင်းထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။
ညီနောင်(၃)ဖွဲ့က”ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်းမြစ် ကြောင်းမှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းတခုနန့်ရက္ခိုင့်တပ်တော်ရို့အကြား နှစ်ဖက်ထိတွိတိုက်ပွဲဖြစ်ပွားခသည်”လို့ ဆိုထားပါရေ။
ယင်းပိုင်တိုက်ပွဲဖြစ်နီချိန် စစ်ကောင်စီ၏ စစ်တွေမြို့၊ ရွှီမင်းဂံဆိပ်ကမ်းဟိ နေဗီသင်္ဘောကနီ တိုက်ပွဲဖြစ်တေနီရာသို့ လက်နက်ကြီးတိနန့် အဆက်မပြတ် ပစ်ကူပီးခပြီးကေစစ်ကောင်စီ၏ စစ်တွေအခြီစိုက် ခမရ(၃၅၄)တပ်ရင်း က လည်း လက်နက်ကြီးတိနန့် ညည့်အချိန်မတော် ယမ်းကားပစ်ခတ်နီခပါရေ။
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၃၁ရက်နိ၊မိုးထ၉ နာရီ၃၀ မိနစ်ခန့် ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊အောင်ဇေယျရွာနန့်အောင် မြီကုန်းရွာကြားမာ ရက္ခိုင့်တပ်တော်နန့် အကြမ်းဖက်စစ်ကောင်စီရို့ တနာရီခန့် အကြာ နှစ်ဖက်အပြန်အလှန် ထိတွိတိုက်ပွဲ ဖြစ်ပွားခပါသိမ့်ရေ။
ယင်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံးဟိလားခရေ စစ်ကောင်စီစွာ လီကြောင်း၊ လက်နက်ကြီး ပစ်ကူတိအမြောက်အမြားကိုအသုံးပြုပနာ နောက်ဆုတ်လားခပါရေ။
ဖေဖော်ဝါရီ ၄ ရက်နိက ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီရို့စွာ ပုဏ္ဏားကျွန်းအပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နန့် မောင်တောမြို့နယ်ရို့မာလည်း တိုက်ပွဲတိဆက်ဖြစ်ခပြီးကေ မောင်တောမာတော့ တောင်ပြို(လက်ယာ)နယ်ခြားစောင့် တပ်စခန်းကို ရက္ခိုင့်တပ်တော်က အပြီး သတ် သိမ်းပိုက်နိုင်ခပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်မာ စစ်ကောင်စီ လက်လွှတ်ဆုံး ယှုံးရဖို့ ရာနှုန်းပြည့်သေချာနီရေတပ်စခန်းအချို့ကိုအပြီး သတ် သိမ်းပိုက်ရယူနိုင်ရီးအတွက် ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့လည်း ညီနောင် (၃)ဖွဲ့၏ ထုတ်ပြန်ချက်တိမာ ဖော်ပြထားပါရေ။
