APM၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄
အာရက္ခပြည်သူ့အစိုးရသည် ရက္ခိုင်ပြည်က စစ်ဒဏ်သင့်မြို့ရွာများသန့်ယှင်းရီးလုပ်ငန်းများကို ပြည်သူလူထုများနန့်တတူ လက်တွဲလုပ်ဆောင်ယင်းပြန်လည်တည်ဆောက် ရီးလုပ်ငန်းများ စတင်လျက်ဟိရာ ဒေနိ၊ ဖေဖော်ဝါရီ ၂၆ ရက်နိ၊ ညဇာ ၃ နာရီ၌ မြေပုံမြို့သန့်ယှင်းရီးလုပ်ငန်းများကို ဆောင်ရွက်ခကတ်ပါသည်။
အာရက္ခပြည်သူ့အစိုးရ စီမံအုပ်ချုပ်နီသော မြေပုံမြို့ မြို့မစျီးသန့်ယှင်းရီးလုပ်ငန်းများတွင် မြို့ပေါ်/ရပ်ကွက်အုပ်ချုပ်ရီးတာဝန်ဟိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့မစျီးကော်မတီဝင်များ၊ မြို့ပေါ်လူငယ်များ စုစုပေါင်းအင်အား (၁၀၀)ခန့် ပါဝင် လုပ်အားပီးခကတ်ပါသည်။
နောက်ရက်များတွင်လည်း မြို့အနှံ့လိုအပ်သည့်နီရာများ ၌ ဆက်လက်၍လုပ်အားပီးလားဖို့ အစီအစဥ်ဟိကြောင်း သိရသည်။
အလားတူ ရက္ခိုင်ပြည်ဟိအာရက္ခပြည်သူ့အစိုးရ စီမံအုပ် ချုပ်နီသည့် အခြားသော မြို့ရွာများ၌ လ ည်း ပြည်သူများနန့်တတူ လက်တွဲ၍မြို့ရွာသန်းယှင်းရီးလုပ်ငန်းများ အပါအဝင် ပြန်လည်တည်ဆောက်ရီး လုပ်ငန်းများကို ဆောင်ရွက်လျက်ဟိကြောင်း သိရသည်။