APM၊ ဖေဖော်ဝါရီ ၂၀/၂၀၂၄
အာရက္ခပြည်သူရို့အပေါ် စစ်ရာဇဝတ်မှုတိ ကျူး လွန်ဖို့ အမိန့်ပီးစီခိုင်းခရေ အကြမ်းဖက်စစ်ကောင်စီတပ်အရာဟိတိနန့် ကိုယ်တိုင်ကိုယ်ကျပြစ်မှုကျူး လွန်ခရေ လူတိကို စစ်ခုံရုံးတင်ပနာထိရောက်စွာအပြစ်ပီးအရေးယူလားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ဖေဖော်ဝါရီ ၂၀ ရက်နိမာ ထုတ်ပြန် ကြေညာလိုက်ပါရေ။
ယင်းကြေညာချက်ထဲမာ”စစ်ကောင်စီစွာ ၎င်းရို့ထိန်းချုပ် ထားရေ ဒေသတိမာ ရက္ခိုင်လူမျိုးရို့ကို အဓိက ဦးတည် ပစ်မှတ်ထားပြီးကေ ရည်ရွယ်ချက်ဟိဟိဥပဒေမဲ့ဖမ်းဆီး၊ ခြိမ်းခြောက်၊ ငွေညှစ်၊ စစ် သားစုဆောင်း၊ ညှဉ်းပန်း နှိပ် စက်၊ သတ်ဖြတ်စွာတိကို နိစဉ်ရက်ဆက် ဆိုးဆိုးဝါးဝါး ကျူးလွန်နီပါကြောင်း၊အပြစ်မဲ့ ရက္ခိုင်လူမျိုးတိကို သက်သီအ ထောက်အထား တစုံတရာမဟိဘဲ ပုဒ်မအမျိုးမျိုးတပ်၊ဥပဒေမဲ့ ဖမ်းပြီးကေ အချုပ်ခန်းထဲမာ သတ်ဖြ တ် ၊အလောင်းဖျောက်မှုတိကို လုပ်ဆောင်ပနာ စစ်ရာဇဝတ်မှုတိကိုပြောင်ပြောင်တင်းတင်း ကျူးလွန်နီကြောင်း”ဖော် ပြထားပါရေ။
အကြမ်းဖက်စစ်ကောင်စီက ရက္ခိုင်ရို့အပေါ်မာ ယင်းပိုင် လူသားမဆန်၊ကောက်ကျစ်ယုတ်မာစွာဖြင့် ရက်ရက်စက် စက် သတ်ဖြတ်နီချိန်မာပင် ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်နန့် ပလက်ဝဒေသ စစ်ပွဲတိအ တွင်း ဖမ်းရထားရေ ထောင်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့်၎င်းရို့၏မိသားစုဝင်တိ ကို စစ်သုံ့ ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေတိနန့်အညီ အကောင်းဆုံးထိန်းသိမ်းစောင့်ယှောက်ပီးထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရလူတိနန့်ဒဏ် ရာရတိကိုပင်လျှင်အသက်ကယ်ပီးထားရေပိုင်၊ မိမိရို့၏ အခက်အခဲတိကြားက ၎င်းရို့မိသားစုဝင်တိကို လူသားချင်းစာနာထောက်ထားစွာဖြင့် ကျန်းမာရီးစောင့်ယှောက်မှု၊နီထိုင်စားသောက်မှုတိကို အကောင်းဆုံးပြုလုပ်ပီးထားကြောင်းလည်း ULA/AA က ဆိုပါရေ။
ယေကေလေ့ အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ပြည်သူ လူထုရို့ကို မတရားသဖြင့် ဖမ်းဆီးစွာ၊ စစ်ဖက်၊ အရပ်ဖက်မခွဲခြားဘဲ မြို့ရွာတိအတွင်းသို့ လက်နက်ကြီးတိနန့်ပစ်ခတ်တိုက်ခိုက်စွာတိကို ဆက် လက်ပြုလုပ်နီခပါရေ။
ရက္ခိုင်ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်ထားစွာနန့်ပတ်သက်လို့ ULA/AAက”ရက္ခိုင့်တပ်တော် ဖမ်းဆီးရမိထားရေ စစ်သုံ့ပန်းတိထဲမာ အာရက္ခပြည်သူရို့အပေါ်စစ်ရာဇဝတ်မှုကျူးလွန်ဖို့ အမိန့်ပီးခရေအထက်အရာဟိကြီးတိ၊ အမိန့်ကို အကောင် အထည်ဖော်ပနာ လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခကတ်တေတပ်ဖွဲ့ဝင်တိပါဝင်ပြီးကေ ယင်းပုဂ္ဂိုလ်တိကို စစ်ခုံရုံးတင်ပျာ မိမိရို့၏ ဥပဒေနန့်အညီ ထိရောက်စွာ အပြစ်ပီး အရေးယူလားဖို့” လို့ ပြတ်ပြတ်သားသား ဖော်ပြထားပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီ၏ မတရား သဖြင့် သတ်ဖြတ်စွာ ခံခရရေ မိသားစုဝင်တိ၏ နစ်နာမှု၊ တရားမျှတမှုရို့ကိုရဟိနိုင်ဖို့အတွက် စစ်ရာဇဝတ်မှုကျူးလွန်ရေ လူတိကို ဥပဒေနန့်အညီ တရားနည်းလမ်းကျကျ စစ်ဆီး အပြစ်ပီးအရေးယူလားဖို့လို့လည်းထပ်လောင်း၍အလေး အနက် ပြောဆိုပါရေ။
တပြိုင်နက်တည်းမာ စစ်ယှုံးစစ်ကောင်စီစွာ စစ် သားပီသစွာဖြင့် စစ်မြီပြင်မာ တိုက်ခိုက်ရဖို့တက်စား အရပ်သား ပြည်သူလူထုရို့ကို သူရဲဘော ကြော င်စွာ ဖမ်းဆီး နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်စွာ အ ချုပ်သားတိ၊ အကျဉ်းသားတိကို လူသတ်အလော င်းဖျောက်စွာ အစဟိရေ စစ်ရာဇဝတ် မှုတိကို ယှောင်ယှား၊ရပ်တန့်ဖို့လည်း ULA/AA က အထူးသတိပီးလိုက်ပါရေ။
အကယ်တန္တိ ယင်းပိုင်ယှောင်ယှား၊ရပ်တန့်မှုမဟိဘဲဆက် လို့ရာ ကျူးလွန်နီဖို့ဆိုပါကေ မိမိရို့အနီနန့် လုပ်သင့်လုပ်ထိုက်တေတုံ့ပြန်မှုတိကို ပြတ်ပြတ်သားသား လုပ်ဆောင်လားဖို့ဖြစ်ကြောင်းလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အခိုင်အမာ ဖော်ပြထားပါရေ။