
APM၊ ဩဂတ်စ် ၂၄ / ၂၀၂၃
မြန်မာပြည်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနီ၍ အိုးအိမ်စွန့်ခွာထွက်ဗြီးရလူ စဉ်ဆက်မပြတ်တိုးလာနီကာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များလည်း ဆက်လက်မြင့်တက်လျက်ဟိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိင်းပေါင်းစပ်ရီးရုံး UNOCHA က ဒေနိ(သြဂတ်စ်လ ၂၄ ရက်နိ) တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှစ၍ လက်ဟိအချိန်ထိ မြန်မာပြည်တဝန်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနီပြီး ယင်းတိုက်ပွဲများကြောင့် နီရပ်စွန့်ခွာလူ ဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ တိုးဟိလာကာ စားနပ်ရိက္ခာ၊ ကျန်းမာရီးစောင့်ယှောက်မှုအပါအဝင် အကူအညီများ အရေးပေါ်လိုအပ်လျက်ဟိသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ကချင်ပြည်၊ မန္တလေးနန့် မြန်မာပြည်အနောက်မြောက်ပိုင်းရိုတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနီကာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များလည်း ဆက်လက်မြင့်တက်နီကြောင်း UNOCHA ကဆိုသည်။
လက်ဟိအချိန်ထိလည်း ကချင်ပြည်တွင် မြန်မာစစ်တပ်နန့် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ရို့ အကြား တိုက်ပွဲပြင်းထန်နီပြီး၊ မြန်မာစစ်တပ်မှ စစ်အင်အားတိုးချထားခြင်းကြောင့် နီရပ်စွန့်ခွာတိမ်းယှောင်နီရလူ ဦးရေ ၂၀,၀၀၀ နီးပါး အထိဟိလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ မန္တလေး၊သပိတ်ကျင်းမြို့နယ်တွင် ဂျူလိုင်လလယ်ပိုင်းမှစပြီး လူပေါင်း ၁၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာတိမ်းယှောင်နီရသည့်အပြင် စစ်ကိုင်းဟိ မြို့နယ်လေးခုတွင်လည်း နီရပ်စွန့်ခွာလူဦးရေ ၇,၁၅၀ ကျော်အထိ ဟိလာကြောင်း သိရသည်။