
APM ၊ နိုဗမ်ဘာ ၂၄ / ၂၀၂၃
မြေပုံမြို့နယ်မာ ဒေနိ (နိုဗမ်ဘာ ၂၄ ရက်နိ) နိခင်းက ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ ထိတွိတိုက်ပွဲဖြစ် ပွားပြီးကေ စစ်ကောင်စီဖက်က တပ်ဖွဲ့ဝင် ၁၀ ယောက်သီဆုံးကြောင်း သိရပါရေ။
ဖြစ်စဥ်မာ ဒေနိညဇာ ၃ နာရီခွဲလောက်က မြေပုံမြို့နယ်၊ တောကျောင်းအရှိဖက် တောင်ကြောဟိ စစ်ကောင်စီတပ်စခန်းက ထွက်လာရေ ခလရ(၉၃)တပ်ရင်းတပ်ဖွဲ့ဝင် ၄၀ ကျော်ကို ကျောင်းတောင်မော် (ပုလဲလုပ်ငန်းတောင်တန်း) နားအရောက်မာ ရက္ခိုင့်တပ်တော် AAက မိုင်းဆွဲတိုက်ခိုက်ပြီး တဖက်နန့် တဖက် ၁၂မိနစ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခကတ်ပါရေ။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က တပ်ဖွဲ့ဝင်
၁၀ ယောက်ကို AA က သုတ်သင်ယှင်းလင်းနိုင်ခကြောင်း ရက္ခိုင့်တပ်တော်ဖက်က ဆိုပါရေ။
ယင်းထိတွိတိုက်ပွဲအတွင်း မြေပုံမြို့နယ်၊ တာဝါတိုင်တောင်ကြောဟိ စစ်ကောင်စီတပ် ခလရ(၉၃) တပ်စခန်းက ယင်းနီရာသို့ လက်နက်ကြီးတိနန့် ပစ်ကူပီးခသိမ့်ကြောင်း သိဟိရပါရေ။
