
APM၊ ဖေဖော်ဝါရီ ၁၃/၂၀၂၄
အကြမ်းဖက်စစ်ကောင်စီစွာ ဒေနိ၊ ဖေဖော်ဝါရီ ၁၃ ရက်နိမာ ရမ်းဗြဲမြို့ကို ကြည်း၊ ရီ၊ လီ အင်အားအပြည့်နန့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခပါရေ။
ဒေနိ၊ မိုးထ ၈ နာရီ ၁၀ မိနစ်နန့် ၁၁ နာရီ ၂၅ မိနစ်ကြားမာ အကြမ်းဖက် စစ်ကောင်စီစွာ အပြစ်မဲ့ရမ်းဗြဲမြို့ကို ဂျက်ဖိုက်တာနန့်(၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခရေပိုင် မိုးထ ၁၀ နာရီ ၁၀ မိနစ်ကပင် ညဇာ ၄ နာရီ ၂၆ မိနစ်ထိ Y-12ထောက်ပို့လီယာဉ်နန့် လူသူကင်းမဲ့နီရေရမ်းဗြဲမြို့ကို (၃၇) ကြိမ်တိတိ အချိန်းပေါင်း ၁၀၀ နီးပါး ပစ်ခတ်တိုက် ခိုက်ခပါရေ။
အလားတူ ကလိန်တောင်မြစ်၊ တိန်ချောင်းဝ နန့် သလူချောင်းဝကြားမာကျောက်ချထားရေ ကမ်းထိုးဇက်နေဗီက မိုးထ ၁၀ နာရီ ၁၅ မိနစ်ကနီ ၁၀နာရီ ၄၆ မိနစ်ထိ ပွိုင့်ဖိုက် နန့် (၁ဝ)ကြိမ်၊ မိုးထ ၈ နာရီ ၄၁ မိနစ်ကနီ ညဇာ ၃ နာရီ ၃၄ မိနစ်ထိ လက်နက် ကြီးနန့် (၃၆) ကြိမ် ရမ်းဗြဲမြို့ကို ပစ်ခတ်ခပါရေ။
ယေပြီးကေ သလူချောင်းဝနန့် ပြင်ချောင်းကြီးချောင်းဝကြားမာ ကျောက်ချထားရေ အမှတ်(၄၁) တိုက်ခိုက်ရီးနေဗီက မိုးထ ၅ နာရီ ၁၅မိနစ်ကနီ ၁၁ နာရီ ၅၅ မိနစ်ထိ လက်နက်ကြီးနန့် အကြိမ် (၃၀) ပစ်ခတ်ခပါရေ။
ယင်းအပြင် ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်းထက်မာတပ်စွဲထားရေ စစ်ကောင်စီတပ်ကလည်း မိုးထ ၆ နာရီ ၅၆ မိနစ်ကပင် နိခင်း၂ နာရီ ၄၈ မိနစ်ထိ လက်နက်ကြီးနန့် (၇၆)ကြိမ်ထက်မနည်း ပစ်ခတ်ခရေလို့ သိရပါရေ။
ယင်းပိုင် လူမဆန်စွာ ပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့ကိုယ်ရံတောင်စေတီတော်၊ အောင်ချမ်းသာစေတီတော် အနားတဝိုက်သို့ ကျရောက်ပေါက်ကွဲခရေပိုင်၊ အမှတ်(၄) ရပ်ကွက် ကင်းတဲရပ်နန့် အမှတ် (၅) ရပ်ကွက် လောင်းချောင်းရပ်က လူနီအိမ်၊အဆော က်အအုံတချို့ထပ်မံ မီးလောင်ပျက်စီးလားခရကြောင်း သိဟိရပါရေ။



