APM၊ ဖေဖော်ဝါရီ ၁၃/၂၀၂၄
ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြီအတွင်း လက်နက် ကိုင်ဆောင်ထားရေလူတိအနီနန့် လက်နက်ခဲယမ်းတိကို တပတ်အတွင်း အယင်ဆုံး လာရောက်အပ်နှံကတ်ဖို့ ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၁၃ ရက်နိမာ (အထူး) သတိပီးထုတ်ပြန် ကြေညာလိုက်ပါရေ။
ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာ နယ်မြီတိမာ သာမန်အရပ် သားပြည်သူတိ လက်နက်ခဲယမ်းကိုင်ဆောင်ခြင်း၊ရောင်း ဝယ်ခြင်းတိကို လုံးဝ ခွင့်မပြုရေအတွ က် လက်နက်ကိုင် ဆောင်ထားသူများအနီနန့် ဒေဂု ထုတ်ပြန်ရေ နိကစလို့ တပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀ ) ရက်နိ၊ ညည့် (၁၂)နာရီကို နောက်ဆုံးထားပြီးကေ နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းတိမာဖြစ်စီ၊ အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရီးမှူး၊ နယ်မြီမှူးတိထံမာဖြစ်စီ လာရောက်အပ်နှံကတ်ဖို့ ရက္ခိုင့်တပ်တော်က အလေးအနက် တိုက် တွန်းထားပါရေ။
အကယ်တန္တိ သတ်မှတ်ထားရေ ရက်အတွင်း လာရောက်အပ်နှံခြင်းမဟိဘဲ ဖုံးဝှက်ထားရေလက်နက်ခဲယမ်းတိကို စစ်ဆီးတွိဟိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူလားဖို့ လို့လည်း (အထူး) သတိပီးထားပါရေ။
လာရောက်အပ်နှံပါက လက်နက်ခဲယမ်းအဆိုး၊အ ကောင်း အပေါ်မူတည်ပြီးကေ ထိုက်သင့်ရေဆုငွေတိကို ချက်ချင်းချီးမြှင့်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အဂုပိုင်လက်နက်ခဲယမ်းတိကိုအပ်နှံဖို့ထုတ်ပြန်ရခြင်းနန့် ပတ်သက်လို့”ရက္ခိုင်နန့်ပလက်ဝဒေသအတွင်း စစ်ယှုံးစစ်ကောင်စီ၏ စစ်သား၊ရဲသားတိစွာ အိမ်နားချင်းအိန္ဒိယနန့် ဘင်္ဂလာဒေ့ချ်နိုင်ငံတိသို့ အသက်လု ထွက်ဗြီးကတ်ခါဖြစ်စီ၊ ရပ်ရွာတိအ တွင်း အရပ်ဝတ်လဲပနာ ထွက်ဗြီးကတ်ခါဖြစ်စီ ၎င်းရို့၏လက်နက်ခဲယမ်းတိကို ဖျက်ဆီးပြီးကေ ထားခစွာဟိပိုင် တကိုယ်စာ ယူဆောင်လားယင်း မသယ်နိုင်လို့ တောတောင်၊ချောင်းမြောင်း၊လျှိုမြောင်ရို့မာ လွှင့်ပစ်ခစွာတိ၊ မြီကြီးထဲမာ မြှုပ်ပစ်ခစွာတိ ဟိနီပါကြောင်း၊ထွက်ဗြီးလွတ်မြောက်လားခရေ ထောင်ဂဏန်းနီးပါး စစ်ဗြီး၊ ရဲဗြီးတိ လွှင့်ပစ်ခရေလက်နက် ခဲယမ်းတိကို ရက္ခိုင့်တပ်တော်က လိုက်လံရှာဖွီလို့ပြန်တွိစွာဟိရေပိုင်၊ ရက္ခိုင့်တပ်တော် မရောက်သိမ့်ရေနီရာတိက လက်နက်တိနန့် ရှာမတွိသိမ့်ဘဲကျန်နီရေ လက်နက်ခဲယမ်းတိလည်း ဟိနိုင်ပါကြောင်း၊ ယင်းအတွက်ကြောင့် စွန့်လွှတ်ထားခရေ ရန်သူ့လက်နက်ခဲယမ်းတိကို ရဟိထားပါက ဇာသူမဆို နီးစပ်ရာရက္ခိုင့်တပ်တော်စခန်းတိမာဖြစ်စီ၊အာရက္ခပြည်သူ့အစိုးရ ၏အုပ်ချုပ်ရီးမှူး၊နယ်မြီမှူးတိထံမာဖြစ်စီ လာရောက်အပ် နှံကတ်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း” ရက္ခိုင့်တပ်တော်က ဖော်ပြပါရေ။
ရက္ခိုင့်တပ်တော်စွာ ရက္ခိုင်နန့်ပလက်ဝဒေသအတွင်းဟိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာ စခန်းကြီးတိ၊ တပ်ရင်းဌာနချုပ်၊တပ်မဌာနချုပ်၊နယ်ခြားစောင့်တပ် စခန်းတိ၊ရဲတပ်ရင်းတိ၊ရဲစခန်းတိကိုတခုမကျန်တိုက်ခိုက် ခြီမှုန်းလားဖို့ ရည်မှန်းထားရေအတိုင်း ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ စစ်ကောင်စီ၏စစ်ဖက်၊ရဲဖက်စခန်းတိကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရာ စစ်ကောင်စီ၏ စစ်ဖက်၊ရဲဖက်စခန်းတိကို တခုပြီးတခု သိမ်း ပိုက်ရဟိထားပြီးကေ လက်ကျန်စခန်းတိကိုလည်း ဆက် လက်ထိုးစစ်ဆင် တိုက်ခိုက်လားဖို့လို့ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။