
APM၊နိုဗမ်ဘာ ၂၄/၂၀၂၃
ဒေနိ နိုဗမ်ဘာ ၂၄ရက်နိ၊ ညဇာ ၄ နာရီကျော် လောက်မာ စစ်ကောင်စီ၏ရီစိုးချောင်းဗျူဟာကုန်းက ပစ်လိုက်တေ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်ရွာက ဒေသခံ ၁ယောက် သီဆုံးပြီးကေ ၄ ယောက်ဒဏ်ရာ ရလားကြောင်း သိရပါရေ။
သီဆုံးလားသူမာ ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်(နွားလားကျော်)ရွာနီ ဦးချမ်းသာစိန်(၆၇နှစ်)ဖြစ်ပြီးကေ၊ ဒဏ်ရာရလားရေ ၄ ယောက်ကတော့ ယင်းရွာက ဒေါ်အေးနုချေ (၄၉နှစ်)၊ ဒေါ်လှနုစိန် (၅၀နှစ်)၊ ဒေါ်လှနုစိန်၏သမီး မဝင်းဝင်း(၁၀နှစ်)၊ဒေါ်လုံးဖြူ (၆၅နှစ်)ရို့ဖြစ်ကတ်ပါရေ။
ရသေ့တောင်မြို့နယ်၊ရီစိုးချောင်း ဗျူဟာကုန်းစွာ ဒေနိ ညဇာ ၄ နာရီလောက်က လက်နက်ကြီး ၄ လုံးပစ်ခပြီးကေ ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာအတွင်း ဦးကျော်ခင်ဝင်း ၏ နီအိမ်သို့ ကျရောက်ပေါက်ကွဲပနာ ယင်းအနားတဝိုက် အိမ်တိမာ ထိခိုက်သီဆုံးမှုတိ ဖြစ်ပွားခရစွာပါ။
လက်ဟိ ဒဏ်ရာရ အချေ ၁ ယောက်နန့် အမျိုးသမီး ၃ ယောက်ရို့ကို ရသေ့တောင်မြို့ ဆီးရုံကြီးသို့ပို့ဆောင်ထားပြီးကေ သီဆုံးသူဦးချမ်သာစိန်၏ ရုပ်အလောင်းကိုတော့ လိုင်ဂွင်ရွာသင်္ချိုင်းမာ သင်္ဂြိုလ်လိုက်ကြောင်း သိရပါရေ။
