APM၊ နိုဗမ်ဘာ ၂၇/၂၀၂၃
ရမ်းဗြဲမြို့မာ နိုဗမ်ဘာ ၂၆ ရက်နိ၊ ညည့်ခါ စစ်ကောင်စီတပ် ခလရ (၃၈) တပ်ရင်း၊ တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က အရပ်သား ၂ယောက်ကိုဖမ်းလားရေလို့ သိရပါရေ။
အဖမ်းခံရလူ၂ယောက်စွာ ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်က ကိုညီချေ (၂၆နှစ်) နန့် ကိုကျော်ကျော်ထွေး (၂၁နှစ်)ရို့ဖြစ်ကတ်ပါရေ။
နိုဗမ်ဘာ ၂၆ ရက်နိ၊ ညည့် ၈ နာရီခွဲလောက်မာ ကိုညီချေနန့် ကိုကျော်ကျော်ထွေးရို့ရေ အမှတ် (၅) ရပ်ကွက်ဟိ အိမ်တအိမ်မာ ကပ္ပလီဥဖုတ်စားနီကတ်ချိန် အင်အား ၁၀ လောက်ပါရေ စစ်ကောင်စီတပ် ခလရ(၃၈)က ဖမ်းလားခရေလို့ ဒေသခံတိက ဆိုပါရေ။
၂၀၂၃ခုနှစ်၊နိုဗမ်ဘာ ၁၃ ရက်နိက ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲ စဖြစ်တေလောက်ကပင် စစ်ရီး၊ နိုင်ငံရီးမာ အဖက်ဖက်ကကျဆုံးပနာ လမ်းမရဖြစ်နီရေ စစ်ကောင်စီတပ်စွာ ရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့အရပ်သားပြည်သူတိကို လက်နက်သဖွယ် ဖမ်းဆီးနီစွာရေ ဒေနိအထိ အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းထား
ယာလို့သိဟိရပါရေ။