
APM ၊ နိုဗမ်ဘာ ၂၄ / ၂၀၂၃
မြန်မာပြည်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နန့် တနှစ်ကျော်ကြာတရားရင်ဆိုင်နီရရေ ကျောက်ဖြူဒေသခံ ၈ ယောက်ကို နိုဗမ်ဘာ ၂၃ ရက်နိမာ စစ်ကောင် စီ၏ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပါရေ။
ထောင် ၃ နှစ်ချမှတ်ခံရရေ ကျောက်ဖြူက ၈ ယောက်ကတော့ ကျောက်ဖြူမြို့က ဦးစိုးဝင်းနိုင်၊ ဦးဝင်းနိုင်၊ ဦးဝင်းအောင်၊ ဦးတင်ညွှန့်၊ ဦးဘသန်း၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ မူရွင်းရွာက ဦးထွန်းထွန်းကျော်၊ ဦးစောဝဏ္ဏကျော်နန့် စနဲမြို့က ဦးတင်မျိုးထွန်းရို့ ဖြစ်ကတ်ပါရေ။
သူရို့တိစွာ ပြီးခရေ ၂၀၂၂ ခုနှစ် ဩဂတ်စ်လမာ စစ်ကောင်စီ ဖမ်းဆီးစွာကိုခံခရပြီး ယင်းနောက်ပိုင်း ရက္ခိုင့်အမျိုး သားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) နန့် ပတ်သက်တေဆိုပနာ စစ်ကောင်စီက သူရို့တိကို ပုဒ်မ – ၅၀၅(က)နန့် တရားစွဲဆိုခစွာ ဖြစ်ပါရေ။
ယင်းနောက်တနှစ်ကျော်ကြာတရားရင်ဆိုင်ခရပြီးကေ ဒေဂုပိုင် စစ်ကောင်စီ၏ ကျောက်ဖြူမြို့နယ်တရားရုံးက စစ်အာဏာသျှင်အလိုကျထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက် စွာဖြစ်ပါရေ။
