
APM၊ နိုဗမ်ဘာ ၂၇ / ၂၀၂၃
ဒေနိ (နိုဗမ်ဘာ ၂၇ ရက်နိ) မိုးထစောစော ၃ နာရီလောက်မာ စစ်ကောင်စီ ရီတပ်သင်္ဘောက ပစ်လိုက်တေ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာဘုန်းကြီးကျောင်း မီးလောင်ပြာကျလားကြောင်း သိရပါရေ။
ဒေနိ မိုးထစောစော ၂ နာရီကျော် လောက်မာ ကုလားတန်မြစ်ကြောင်းအတိုင်းတက်လာရေ ရီတပ်စစ်သင်္ဘောကနီ ရဲရိုးပြင်ရွာကို လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ တရစပ်ပစ်ခတ်တိုက်ခိုက်ခပါရေ။
ယင်းစစ်သင်္ဘောက မိုးထစောစော ၃ နာရီလောက်မာ ပစ်လိုက်တေ လက် နက်ကြီးကျည်တလုံးစွာ ရဲရိုးပြင်ရွာဘုန်းကြီး ကျောင်းမာ ကျရောက်ပေါက်ကွဲပြီးကေ ကျောင်းတဆောင်လုံး မီးလောင်လားစွာလို့ ရွာသားတိက ပြောပါရေ။
မီးလောင်မှုကို ရဲရိုးပြင်ရွာသားတိက ဝိုင်းဝန်းမီးသတ်ခကတ်ကေလေ့ မီးမသီနိုင်ခဘဲကျောင်း တဆောင်လုံး ပြာကျလားရေလို့ ဆိုပါရေ။
ကုန်ခရေ နိုဗမ်ဘာ ၂၆ ရက်နိ မွန်းလွဲ ၂ နာရီခွဲ လောက်ကလည်း စစ်ကောင်စီက ဒရုန်းနန့် ဗုန်းကြဲတိုက်ခိုက်လို့ ရဲရိုးပြင်ရွာသားတယောက်ဒဏ်ရာ ရခပါသိမ့်ရေ။



