APM ၊ နိုဗမ်ဘာ ၂၈/ ၂၀၂၃
ဒေနိ နိုဗမ်ဘာ ၂၈ ရက်နိ၊ နိခင်းသား ၁ နာရီဝန်းကျင်မာ စစ်ကောင်စီတပ်က တိုက်လီယာဉ်နန့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ ရပ်ကွက်(၃) မာ နီရာ ၂ခု မီးလောင်နီပြီးကေ မီးအဟိန်လျော့ကျလားကေလေ့ လက်ဟိအချိန်ထိ မီးမသီသိမ့်ကြောင်း သိရပါရေ။
မီးလောင်မှုနန့်ပတ်သက်လို့ ပေါက်တောမြို့နားက ဒေသခံတယောက်က” နိခင်း ၁ နာရီလောက်က ဂျက်တိုက်လီယာဉ်နန့် နှစ်ကြိမ်လာပစ်ပါရေ။ ရပ်ကွက်(၃)သင်္ဘောဆိပ်အဝိုင်းကိုကျရေ။ ယင်းအနားမာ မီး ၂ နီရာလောင်ပါရေ။ အဂုကတော့ မီးအာလျော့လားခပုံရရေ။ မီးခိုးတိကတော့ မြင်နီရပါသိမ့်ရေ” လို့ ပြောပါရေ။
စစ်ကောင်စီစွာ ပေါက်တောမြို့ကိုဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်စွာအပြင် တချိန်တည်းမာ စစ်ကောင်စီနေဗီကလည်း လှမ်းပစ်နီပြီး စစ်တွေအခြီစိုက်ရဲတပ်ရင်း(၁၂) ကပါ လက်နက်ကြီးတိနန့် ပစ်ကူပီးနီရေလို့လည်း သူကဆိုပါရေ။
အလားတူ စစ်ကောင်စီစွာနိုဗမ်ဘာ ၂၇ ရက်နိကလည်း ပေါက်တောမြို့ကို လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခရေပိုင်၊ နိုဗမ်ဘာ ၂၆ ရက်နိ ညဇာပိုကလည်း ပေါက်တောမြို့ကို ဒရုန်းသုံးပနာ Drop Bomb နန့်ကြဲချ တိုက်ခိုက်လို့မြို့အတွင်းပိတ်မိနီရေ အပြစ်မဲ့ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရလားခပါသိမ့်ရေ။
ယင်းအပြင် နိုဗမ်ဘာ ၂၅ ရက်နိ၊ မိုးထ ၁၁ နာရီလောက်က စစ်ကောင်စီစွာ ပေါက်တောမြို့ကို လက်နက် ကြီးနန့်ပစ်လို့ ပေါက်တောမြို့မဈီး နားတဝိုက် မီးလောင်လားခပါရေ။
နိုဗမ်ဘာ ၂၃ ရက်နိကလည်း စစ်ကောင်စီနေဗီက ပေါက်တောမြို့ကို လက်နက်ကြီးနန့်ပစ်လို့ မီးလောင်မှုဖြစ်ပွားခပါသိမ့်ရေ။
စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်နန့် ဖြစ်ပွားနီရေ တိုက်ပွဲတိမာ အကျအဆုံးတိများပြီးကေ အဖက်ဖက်ကကျယှုံးနီရေအတွက် “အကြံကုန် ဂဠုန်ဆားချက်” ဆိုပိုင် အပြစ်မဲ့ ပြည်သူတိနန့် ပြည်သူလူထုရို့၏ အဆောက်အအုံတိကိုလူမဆန်စွာ မီးလောင်တိုက်သွင်းပနာရည်ရွယ်ချက်ဟိဟိ
ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်လို့ ဟိနီပါရေ။