
APM၊ ဂျန်နဝါရီ ၂၇/၂၀၂၄
မြေပုံမြို့နယ်ဟိ ယောချောင်းဗျူဟာကုန်းက စစ်ကောင် စီတပ်ဖွဲ့ဝင်တိစွာ ဟောင်ဝစ်ဇာ အမြောက်တိ အပါအဝင် လက်နက်ခဲယမ်းတိကို မီးတိုက်ပနာ စခန်းစွန့်ခွာ ထွက်ဗြီး
လားခကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၂၆ ရက်နိ၊ ညည့် ၁၁ နာရီ ၅၀ မိနစ်မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ”စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၂၆)ရက်နိ၊ မိုးထပိုင်းကတည်းကပင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်းဟိ “ယောချောင်းဗျူ ဟာကုန်း” နန့် ၎င်းအနားဟိ စခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးတိုက်ဖျက်ဆီးခသည်။ထို့နောက် အဆိုပါဗျူ ဟာကုန်းအား စွန့်လွှတ်ခကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ဗြီးလားခသည်။ မိမိရို့မှလည်း ထွက်ဗြီးလားသူများကို လိုက်လံခြီမှုန်း တိုက်ခိုက်ခသောကြောင့် ၎င်းစစ်သင်္ဘောထက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်၊သီဆုံးမှုများဟိခသည်”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နန့် ရမ်းဗြဲမြို့နယ်ရို့မာလည်း အယင်ရက်တိနည်းတူ ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီရို့ကြား တိုက်ပွဲတိ ဆက်ဖြစ်နီရေလို့လည်း ညီနောင်မဟာ မိတ်(၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
