
APM၊ ဖေဖော်ဝါရီ ၉/၂၀၂၄
ဖေဖော်ဝါရီ ၉ ရက်နိ၊ ညဇာ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ကျောက်ဖြူမြို့ထဲက အိမ်စီးကား ၃ စီးနန့် ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်ရွာသို့ ရောက်လာပြီးကေ ဂုံးချွိန်ရွာကအရပ်သားပြည်သူ ၄ယောက်ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်လားကြောင်း သိရပါရေ။
အဖမ်းခံလိုက်ရရေ လူတိကတော့ ဂုံးချွိန်ရွာက ကိုရဲထက်ဦး(၃၅ နှစ်)၊ ကိုပြည့်ဖြိုးအောင်(၃၂ နှစ်)၊ကိုသက်နိုင်ထွန်း (၂၂ နှစ်) နန့် နောက်ထပ် တယောက်ရို့ ဖြစ်ကတ်ပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၈ ရက်နိကလည်း ဂုံးချွိန်ရွာအထက် တန်းကျောင်းမာ တပ်စွဲနီရေ စစ်ကောင်စီတပ် စစ်သား နန့် ရဲ ပူးပေါင်းအင်အား၂၀ ကျော်ရို့စွာ ဂုံးချွိန်ရွာက ဦးငမဲ (၅၅နှစ်)၊ဦးညီပုစေ့ကေ(၄၅နှစ်)၊ ကိုကျော်နိုင်ဖြိုး(၂၄နှစ်) နန့် လိပ်ခမော် (ရွာသစ်)က ဦးမောင်ခင်နု (၇၀ နှစ်)ရို့ကို အကြောင်းပြချက် တစုံတရာ မဟိပါဘဲ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင် လားခကတ်ပါသိမ့်ရေ။
