APM ၊ ဂျန်နဝါရီ ၂၅ / ၂၀၂၄
ဂျန်နဝါရီ ၂၄ ရက်နိ ညဇာဖက်မာ အကြမ်းဖက်စစ်ကောင် စီ၏ နေဗီက ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်လို့ မင်းပြားမြို့နယ်မာ အာရက္ခပြည်သူ ၂ ယောက် သီဆုံးပြီးကေ ၇ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားရေလို့သိရပါရေ။
သီဆုံးလားခရေလူတိကတော့ မင်းပြားမြို့နယ်၊ သဲတန်းရွာက ဦးရာကျော် (၅၅ နှစ်)နန့် ဒေါ်အောင်ညွှန့်စိန် (ခ)ဒေါ် အလှချေ (၅၆ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဂျန်နဝါရီ ၂၄ ရက်နိ၊ ညဇာ ၆ နာရီလောက်က မင်းပြားမြို့ နယ်၊ကြပ်စင်မြစ်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင် စီ၏ နေဗီက သဲတန်းရွာထဲသို့ ရည်ရွယ်ချက်ဟိဟိ လက် နက်ကြီး (၄)လုံးပစ်ခတ်ခရာ ယင်းအထဲက လက်နက်ကြီးကျည် ၁ လုံးစွာ သဲတန်းရွာက ဒေါ်အောင်ညွှန့်စိန်၏နီအိမ် တည့်တည့်ကို ကျရောက်ပေါက်ကွဲခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဒေါ်အောင် ညွှန့်စိန်စွာ နီရာမာပင် ဂွင်ချင်း သီဆုံးလားခရပြီးကေ ဦးရာကျော် ကတော့ လက်နက်ကြီးကျည်စ နောက်ကုန်းကိုထိမှန်လားပနာ ဆီးရုံသို့ပို့ဆောင်ခါ လမ်းမာသီဆုံးလားခရေလို့ ဆိုပါရေ။
ယင်းအပြင်လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲလို့ သဲတန်းရွာက မောင်နိုင်နိုင်စိုး(၁၃ နှစ်)၊ မဆန်းမေစိုး (၁၇ နှစ်)၊မစိုးစိုးစံ (၁၉ နှစ်)၊ မသန်းသန်းရီ (၂၃ နှစ်)၊ ဦးအေးကျော် (၂၉ နှစ်)၊ ဒေါ်မသာနု (၄၅ နှစ်)နန့် ဒေါ်လှမြသိန်း(၅၈ နှစ်) ရို့လည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတိ ပြင်း ပြင်း ထန်ထန် ရဟိလားခပါသိမ့်ရေ။
လက်ဟိမာ ဒဏ်ရာရလားခရေလူတိစွာ အရေးပေါ်ဆီးကုသမှု ခံယူနီကတ်ရရေလို့ သိဟိရပါရေ။