
APM ၊ ဂျုန် ၁၂/ ၂၀၂၄
မြေပုံမြို့နယ်မာ ဒေနိ(ဂျုန် ၁၂ ရက်နိ) မိုးထ၆ နာရီအချိန် စစ်ကောင်စီတပ်က လက်နက်ကြီးနန့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတယောက်ဒဏ်ရာ ရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားလူစွာ မြေပုံမြို့နယ်၊ အင်ကြင်းရွာက ဒေါ် ဝင်းဝင်းသန်း(၄၂ နှစ်)ဖြစ်ပါရေ။
ဒေနိ မိုးထ ၆ နာရီခွဲလောက်မာ အမ်းအခြီစိုက် စစ်ကောင်စီ၏ လီကြောင်းရန်ကာကွယ်ရီးတပ်ခွဲကနီ မြေပုံမြို့နယ်၊ အင်ကြင်းရွာနန့် အပါးဟပ်စပ်သို့ လက်နက်ကြီး (၄) လုံး ပစ်ခတ်ခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ အင်ကြင်းရွာထဲက ဒေါ်ဝင်းဝင်းသန်း၏ နီအိမ်နားကို ကျရောက်ပေါက်ကွဲခပြီးကေ အိမ်ထက်မာ ထမင်းစားနီရေ ဒေါ်ဝင်းဝင်းသန်း၏ ခါးဆစ်ကို လက်နက်ကြီးကျည်စကျလားရေလို ဆိုပါရေ။
အာရက္ခဒေသအတွင်း စစ်ရီးအထိနာနီလို့ ယှုံးမဲမဲပနာ မိုက်ရူးရဲဆန်နီရေ ဖက်ဆစ် စစ်ကောင်စီစွာ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာတိနန့် အရပ်သားပြည်သူရို့ လားလာလှုပ်ယှားရာ နီရာတိကို ပစ်မှတ်ထားလို့ ရီကြောင်း၊ လက်နက်ကြီး၊ လီကြောင်းပစ်ခတ်တိုက်ခိုက်မှုတိတရက်ထက်တရက် ပိုလုပ်လာနီပါရေ။
