APM၊ ဂျုန် ၁၃ ၊၂၀၂၄
ဒေဂုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၊ ရပ်ရွာတိဟိ ဒေသခံပြည်သူတိကို စစ်ကောင်စီက စစ်တွေမြို့အတွင်းသို့အတင်း အဓမ္မပြောင်းခိုင်းနီရေလို့ သိရပါရေ။
ဂျုန်လ ၁၁ ရက်နိမာ စစ်ကောင်စီတပ်စွာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းရွာသစ်၊ ပျားလည် ချောင်းရွာဟောင်း၊ သင်းပုန်းတန်း၊ မောင်နီပြင် အစဟိရေ ရွာတိက ဒေသခံပြည်သူတိကို စစ်တွေမြို့အတွင်းသို့ အတင်းအဓမ္မ ပြောင်းခိုင်းနီကြောင်း ဒေသခံတိက ပြောပါရေ။
ဂျုန်လ ၁၀ ရက်နိကလည်း စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာက အိမ်ခြီ ၅၀ ခန့်ကို စစ်ကား ၇ စီးနန့်လည်းကောင်း၊ အောင်ဒိုင်ရွာက ကျန်ဟိမ့်နီရေ နီအိမ် ၁၀၂ ဆောင်ကို စစ်ကား ၈ စီးနန့် လည်းကောင်း စစ်ကောင်စီက စစ်တွေမြို့ထဲသို့ အဓမ္မပြောင်းရွှိခပါရေ။
ယင်းအပြင် စစ်ကောင်စီ အတင်း အဓမ္မပြောင်းရွိပီးခရေ စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာနန့် အောင်ဒိုင်ရွာဟိ နီအိမ်တိက ဒေသခံပြည်သူရို့၏ ပစ္စည်းဥစ္စာတိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဖောက်ထွင်းခိုးယူခကတ်တေလို့လည်း ဒေသခံတိက ဆိုပါရေ။
အလားတူ စစ်တွေမြို့နယ်၊ ကြက်တောပြင်ရွာက အိမ်ခြီ ၄၀ ၊ အုန်းရည်ဖော်ရွာက အိမ်ခြီ ၃၀ နန့် ရီချမ်းပြင်ရွာ က အိမ်ခြီ ၁၅၀ ကို ၅ ရက်အတွင်း စစ်တွေမြို့ထဲသို့ မဖြစ်မနီ ပြောင်းရဖို့လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားသိမ့်ပါရေ။
ယင်းနည်းတူ စစ်တွေမြို့နယ်၊ ကြွီတဲရွာက လူနီအိမ် ၁၅၀ ကိုလည်း ၅ ရက်အတွင်း စစ်တွေမြို့ထဲသို့့ မဖြစ်မနီ ပြောင်းရဖို့လို့ စစ်ကောင်စီက ဖိအားပီးထားပါရေ။
စစ်တွေမြို့ကို အာရက္ခတပ်တော် လာတိုက်ဖို့ ကြောက်ကြီးသန်ဖက်ကျနီရေ စစ်ကောင်စီစွာ ဒေဂုပိုင် သူရဲဘော ကြောင်ရေလုပ်ရပ်ဖြစ်တေ ရပ်ရွာတိက ဒေသခံအပြစ်မဲ့အရပ် သားပြည်သူရို့ကို လူသားဒိုင်းကာအဖြစ်အသုံးပြုဖို့ စစ်တွေမြို့အတွင်းသို့ အောက်တန်းကျ ယုတ်မာစွာ အတင်းအဓမ္မပြောင်းရွှိနီစွာဖြစ်ပါရေ။