
APM ၊ ဂျုန် ၁၂/ ၂၀၂၄
ဂျုန် ၁၁ ရက်နိက ကျောက်ဖြူမြို့နယ်မာ စစ်ကောင်စီတပ် လက်နက်ကြီးနန့်ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားအမျိုးသမီးစွာ ကျောက်ဖြူမြို့နယ်၊ မီးကျောင်းတက်ရွာက ဒေါ် ရွှီခင်နု(၈၂ နှစ်)ဖြစ်ပါရေ။
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်ရွာမာ အခြီပြုထားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ မီးကျောင်းတက်ရွာနန့် သစ်ပုတ်တောင်လမ်းဆုံးဖက်သို့ဦးတည်ပြီးကေ ဂျုန် ၁၁ ရက်နိ၊ မိုးထ ၁၀ နာရီကနီ ညဇာ ၄ နာရီခွဲအချိန်လောက်ထိ လက်နက်ကြီး ၁၇ လုံးတိတိပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ မီးကျောင်းတက်ရွာထဲက ဒေါ်ရွှီခင်နု၏ နီအိမ်နားကို ကျရောက်ပေါက်ကွဲလို့ အိမ်ထဲမာဟိနီရေ ဒေါ်ရွှီခင်နု၏ ဂေါင်းမာ လက်နက်ကြီးကျည်စကျလားရေလို့ ရွာသားတိက ပြောပါရေ။
ရက္ခိုင်မာ အာရက္ခတပ်တော်နန့်ရင်ဆိုင်တိုက်ပွဲတိအတွင်း ခွက်ခွက်လန်အောင်ယှုံးနီရေ စစ်ယှုံးစစ်ကောင်စီစွာ ယှုံးမဲ့မဲ့ပနာ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာတိနန့် အရပ်သားပြည်သူရို့ လားလာလှုပ်ယှားရာ နီရာတိကို ပစ်မှတ်ထားလို့ ရီကြောင်း၊ လက်နက်ကြီး၊ လီကြောင်းပစ်ခတ်တိုက်ခိုက်မှုတိတရက်ထက်တရက် ပိုလုပ်လာနီပါရေ။
