APM၊ ဖေဖော်ဝါရီ ၁၃ /၂၀၂၄
ရက္ခိုင်တပ်တော် သိမ်းပိုက်ထားရေ ပေါက်တောမြို့နယ်၊ တောင်ဦးမော်နန့် ကျောက်ပြင်ရွာရို့ကို အကြမ်းဖက် စစ်ကောင်စီစွာ ဖေဖော်ဝါရီ ၁၂ရက်နိ၊ညည့်မာ လီကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အချေ ၂ယောက် အပါအဝင် ဒေသခံ ၉ ယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေလူတိစွာ ပေါက်တောမြို့နယ်၊ ကျောက်ပြင်ရွာမာ စစ်ယှာင်နီရေ မောင်ညီညီစိုး (၉နှစ်)၊ မောင်ကျော်စိုးလင်း (၁၇ နှစ်)၊ ဦးလှထွန်းအောင် (၄၇ နှစ်)၊ ဒေါ်ရွှီစိန်မြ (၇၁ နှစ်)၊ မဦးသန်းယဥ်( ၂၄နှစ်)၊ ဒေါ်အေးအေးနု (၄၀ နှစ်)၊ ဒေါ်ခင်မေချေ (၄၅ နှစ်)၊ နောက်ထပ် တောင်ဦးမော်ရွာက ၁ ယောက် နန့်ကျောက်ပြင်ရွာက ၁ ယောက်၊ စုစုပေါင်း ၉ ယောက်လို့ ဆိုပါရေ။
ဖေဖော်ဝါရီ ၁၂ ရက်နိ၊ ညည့် ၁၁ နာရီအချိန်မာစစ်ကောင်စီက Y-12 ထောက်ပို့လီယာဥ်တစီးနန့် ကျောက်ပြင်ရွာနန့် တောင်ဦးမော်ရွာသို့ ရောက်လာပြီးကေ ဗုံးကြဲတိုက်ခိုက်ခရေအတွက် အဆိုပါ ၉ ယောက်စွာ လက်နက်ကြီး ထိမှန်ပနာ အသီးသီး ထိခိုက်ဒဏ်ရာ ရလားခရေလို့ဒေသခံတိက ပြောပါရေ။
လက်ဟိမာ ယင်းဒဏ်ရာရလားခရေလူတိကို အရေးပေါ်ဆီးကုသပီးနီရေလို့ သိရပါရေ။