
APM၊ ဖေဖော်ဝါရီ ၄/၂၀၂၄
ဂျန်နဝါရီ ၁၆ ရက်နိကပင် အကြမ်းဖက်စစ်ကောင်စီတပ်က ရသေ့တောင်မြို့ကို လက်နက်ကြီးတိနန့်ပစ်လို့ပြည်သူတိ မိမိရို့မြို့ကို စွန့်ခွာတိမ်းယှောင်နီကတ်ရချိန်အတွင်း သင်္ဘောတောင်နန့် စည်ကားတောင်မာ တပ်စွဲနီရာယူထားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ရသေ့တောင်မြို့ထက်ဟိဆိုင်ခန်းတိနန့် လူနီအိမ်တိကို အောက်တန်းကျစွာ ဖောက် ထွင်း ခိုးယူနီကတ်ကြောင်း ဒေသခံတိက ပြောပါရေ။
Arakan Princess Media ၏ ကနဦး စုံစမ်းချက်တိအရ ဖေဖော်ဝါရီ ၃ ရက်နိအထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ရသေ့တောင်မြို့၊မြို့မဈီးအတွင်းက ဆိုင်ခန်း (၁၀) ခန်း၊ အရှိတောင်ရပ်ကွက်က အိမ်ဆိုင်ခန်း(၁၂) ခန်း၊ အရှိမြောက်ရပ်ကွက်က အိမ်ဆိုင် (၂၈)ခန်း၊ ချောင်းဝရပ်ကွက်က အိမ်ဆိုင် (၇) ခန်း၊ တောင်ရင်းတန်းရပ်ကွက်က အိမ်ဆိုင် (၁၈) ခန်း၊ စုစုပေါင်း (၇၅) ခန်းကို ဖောက်ထွင်းခိုးယူလားခပြီး ဖြစ်တေလို့ ဆိုပါရေ။
ယင်းအပြင် အကျင့်စာရိတ္တချွတ်ခြုံကျပြီး ငတ်ပြတ်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ရသေ့တောင်မြို့ထဲက လူနီအိမ်တိကိုပါ လူမဆန်စွာဖောက်ထွင်းခိုးယူလျက်ဟိကြောင်းလည်း သိရပြီး၊အသေးစိတ်ကို Arakan Princess Media က ဆက် လက် စုံစမ်းနီပါရေ။
ပြီးခရေ ဂျန်နဝါရီ ၁၆ ရက်နိ၊ ညဇာကစလို့ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမဟိပါဘဲ မြို့ထက်အပါ အဝင် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီး၊ကြိမ်သာ အစဟိရေ လူနီရပ်ရွာတိကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12ထောက်ပို့လီယာဉ်၊ဂျက်ဖိုက်တာတိနန့်ဗုံးကြဲတိုက်ခိုက်ခရေပိုင် လက်နက်ကြီးတိနန့်လည်း ပြင်းပြင်း ထန်ထန် ပစ်ခတ် တိုက်ခိုက်ခပါရေ။
ယင်းပိုင် ပြည်သူကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နီမှုတိကြောင့် ရသေ့တောင်မြို့အပါအဝင် ရပ်ရွာတိက ပြည်သူလူထုတိစွာ မိမိရို့နီထိုင်ရာ မြို့ရွာတိကို စွန့်ပနာ ဖီးလွတ်ရာသို့ ဒေနိထိတိုင် တိမ်းယှောင်နီကတ်ရကြောင်း သိရပါရေ။
