
စစ်တွေမာ စစ်ကောင်စီက နိခင်းကြောင်တောင် ဧည့်စာရင်းဝင်စစ်ပနာ လူနီအိမ်တိကို အတင်းအဓမ္မ ဝင်မွှီနီ
APM၊နိုဗမ်ဘာ ၂၄/၂၀၂၃
စစ်တွေမာ ဒေနိ နိုဗမ်ဘာ ၂၄ မိုးထကစလို့ စစ်ကောင်စီတပ်က နိခင်းကြောင်တောင် ဧည့်စာရင်းဝင်စစ်ပနာ ခွင့်ပြုချက်မတောင်းဘဲ လူနီအိမ်တိသို့ အတင်းအဓမ္မ ဝင်ရောက်မွှီနှောက် ရှာဖွီမှုတိ လုပ်နီပါရေ။
စစ်တွေ ဆတ်ရိုးကျနီ ဒေသခံတယောက်က ” ကျနော်ရို့ ဆတ်ရိုးကျကိုတော့ မိုးထ ၉ နာရီလောက်မာ စလိုဝင်ပါရေ။ စစ်ကောင်စီတပ်သား၊ ရဲသား၊ လဝက ပါပါရေ။စစ် ကောင်စီတပ်ဖက်က ထောက်ပို့တပ်သား၊ အမြောက်တပ်သား၊ခြီလျင် အစုံပါကတ်ပါရေ။ စုစုပေါင်း အင်အား ၅၀ လောက်ဟိ ပါဖို့။ သူရို့က ဧည့်စာရင်းစစ်ဖို့လာရေလိုပြောပါရေ။ အိမ်ထောင်စုစာရင်းတိကို စစ်တေ။ အာဂန္တုဟိမဟိ မိန်းရေ။ ဧည့်စာရင်းတိုင်ဖို့လည်းပြောယင့်။ တချို့အိမ်တိဆိုကေခွင့်ပြုချက်တောင်မတောင်းဘဲ အိမ်ထဲဝင်မွှီရေ။ ဓားတိ အပါအဝင် သူရို့လိုချင်စွာတိကို ကောက်ယူလားရေ။ နောက် ကတုပ်ကျင်းတူးလို့တွိကေ ဓာတ်ပုံရိုက်တေ။ အိမ်ကိုပါ ဓာတ်ပုံရိုက်လားခရေ” လို ပြောပြပါရေ။
ယင်းပိုင် တအိမ်ဝင် တအိမ်ထွက် နိခင်းကြောင်တောင် ဧည့်စာရင်းစစ်ပနာ နိခင်း ၁၂ နာရီခွဲလောက်မာ ပြန်လည် ထွက်ခွာလားခကြောင်း ယင်းဒေသခံက ပြောပါရေ။
ပြီးခရေ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင်ပြည်မာရက္ခိုင့် တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲတိ ဖြစ်ပွားလျက်ဟိရာ စစ်ရီး၊ နိုင်ငံရီးမာ ရစရာမဟိအောင် အဖက်ဖက်ကကျဆုံးနီရေ စစ်ကောင်စီတပ်စွာ ယှုံးမဲမဲပနာ အပြစ်မဲ့အရပ်သားပြည်သူရို့ကို အဓိကဦးတည်ပျာ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်လို့ ဟိနီပါရေ။