ဖေဖော်ဝါရီ ၃ ရက်နိက ကျောက်ဖြူမြို့မာ ဘုတ်ပိုင်သျှင် ၁ ယောက် နန့်စံပြဆီးဆိုင်က ၃ ယောက်ကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးလားကြောင်း သိရပါရေ။
အဖမ်းခံရရေ ဘုတ်ပိုင်သျှင်စွာ ကျောက် ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းက ဦးဝင်းကျော်(၄၇နှစ်)ဖြစ်ပြီးကေ၊ ဖမ်းဆီးခံရရေစံပြဆီးဆိုင်က ၃ ယောက်ကတော့ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၊ ဈီးလမ်းက စံပြဆီးဆိုင်ပိုင်သျှင်ဒေါ်ညိုညို(၆၀နှစ်)၊ သမီးဖြစ်သူ မချောစုစုသွယ်(၂၀နှစ်)နန့် ဆီးဆိုင်က ထမင်းချက်အမျိုးသမီး ၁ ယောက်ရို့ ဖြစ်ကတ်ပါရေ။
ဖေဖော်ဝါရီ ၃ ရက်နိ၊ညဇာ ၆ နာရီ ၃၀ မိနစ်က စစ်ကောင်စီတပ်၊စရဖ၊ရဲ ပူးပေါင်းအင်အား ၂၅ ယောက်လောက်က စစ်ကားတစီး၊ အိမ်စီးကား နှစ်စီးနန့် ကျောက်ဖြူမြို့၊ စေ တီတောင်ရပ်ကွက်၊ ခေမာလမ်းသို့ ဝင်ရောက်လာပြီးကေ
အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် နန့် ဘုတ် ပိုင်သျှင်ဖြစ်သူ ဦးဝင်းကျော်ကို ၎င်း၏နီအိမ်မာ ဖမ်းဆီးလားခပါရေ။
ယင်းနောက် ယင်းနိ၊ညည့် ၉နာရီအချိန်မာ ၎င်းစစ်ကောင်စီတပ်၊ စရဖ၊ ရဲ ပူးပေါင်းအင်အား ၂၅ ယောက်လောက် စွာ စစ်ကားတစီး၊ အိမ်စီးကား နှစ်စီးနန့် ကျောက်ဖြူမြို့၊မြစ်နားတန်းရပ်ကွက်၊ ဈီးလမ်းဟိ စံပြဆီးဆိုင်သို့ရောက် လာပြီးကေ ဆိုင်ပိုင်သျှင် ဒေါ်ညိုညို၊ သမီးဖြစ်သူ မချောစုစုသွယ်နန့် ထမင်းချက်အမျိုးသမီးရို့ကို ထပ်ဖမ်းလားခပါရေ။
ဒေနိ၊ ဖေဖော်ဝါရီ ၄ ရက်နိ၊ မိုးထ ၁၀နာရီ မိနစ် ၃၀ ခန့်မာလည်း စစ်ကောင်စီတပ်၊စရဖ၊ ရဲ ပူးပေါင်းအင်အား ၂၀ လောက်စွာ စစ်ကားကြီး နှစ်စီး၊ အိမ်စီးကား နှစ်စီးနန့် စံပြဆီးဆိုင်သို့ နောက်တကြိမ်ထပ်ရောက်လာပြီးကေ ဆိုင်ထဲက ဟိဟိသမျှ ဆီးဝါးပစ္စည်းတိကို တခုမကျန်ယူဆောင်လားကြောင်း သိရပါရေ။
အခင်းဖြစ်ပွားခရေ ယင်းနိ(ဖေဖော်ဝါရီ လ ၃ ရက်နိ)က အ ကြမ်းဖက် စစ်ကောင်စီစွာ ကျောက်ဖြူခရိုင်ပြည်သူ့ဆီးရုံကြီးမာ ပုဂ္ဂလိကဆီးရုံ၊ ဆီးခန်းတိကဆရာဝန်တိ၊ဆီးဆိုင် ပိုင်သျှင်တိကို အစည်းအဝေးခေါ်ပြီးကေ ဇာပိုင်လူနာမျိုး ကိုမဆို ဆီး (၃) ရက်စာထက် ပိုမရောင်းဖို့ အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခကြောင်းလည်း သိဟိရပါရေ။