
APM၊ ဖေဖော်ဝါရီ ၂၀/၂၀၂၄
အကြမ်းဖက်စစ်ကောင်စီက ရမ်းဗြဲမြို့ကို ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲရာမာ ဖျက်အားပြင်းဗုံးတိကို အသုံးပြုခ ရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၂၀ ရက်နိ သတင်းထုတ်ပြန်ချက်ထဲမာ “၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နိ၊ နိခင်း (၁) နာရီ (၅၅)မိနစ်တွင် ဂျက်တိုက်လီယာဉ်တစီးမှ ရမ်းဗြဲမြို့နန့် အနားပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခသည်” လို့ ဖော်ပြထားပါရေ။
ယင်းဖျက်အားပြင်းဗုံးစွာ အယင်ရက်တိက ကြဲချခရေ ဗုံးတိနန့် မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအား ပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွိများနန့် ရောလားသည့်မြီမှုန့်များသည်လည်း မြီပြင်မှအထက်သို့ ပေ (၁၀၀)ကျော်အမြင့်အထိ တက်ခရေလို့ ရက္ခိုင့်တပ်တော်က ဖော်ပြပါရေ။
ယင်းနိတရက်တည်းမာပင် အကြမ်းဖက်စစ်ကောင်စီစွာ ရမ်းဗြဲမြို့၊ အမှတ်(၃)အင်းတောင်ရပ်ကွက်ကိုညည့် ၁နာရီ ၂၀ မိနစ်ကနီ ၁ နာရီ ၃၀ မိနစ်အထိ ဂျက်တိုက်လီယာဉ်တစီးနန့် (၃)ကြိမ်တိတိ ဗုံးလာကြဲရာ အင်းတောင် ရပ်ကွက် က သီလသျှင်ကျောင်းဆောင်တဆောင် မီးလောင်လားခကြောင်းလည်း သိရပါရေ။
